အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ရသူများအတွက် ဟိန္ဒူဘာသာရေးအဖွဲ့ ဆုတောင်းပွဲပြုလုပ်

အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ရသူများအတွက် ဟိန္ဒူဘာသာရေးအဖွဲ့ ဆုတောင်းပွဲပြုလုပ်

ပုသိမ် အောက်တိုဘာ ၈ ။           ။ ရခိုင်ပြည်နယ်၊မောင်တောဒေသတွင်  ဩဂုတ်လ၂၅ရက်နေ့က စတင်ဖြစ်ပွားခဲ့သော အစွန်းရောက်အကြမ်းဖက်မှုများကြောင့် ဒေသခံများ၊ ပြည်သူ့ဝန်ထမ်းများနှင့် ဟိန္ဒူလူမျိုးများ သေဆုံးခဲ့ရခြင်းအတွက် ဝမ်းနည်းကြေကွဲခြင်းနှင့် ဟိန္ဒူဓလေ့အရဆုတောင်ခြင်းအခမ်းအနားကို သနန္တနဓမ္ပာလက(ဟိန္ဒူ)အဖွဲ့က ပုသိမ်မြို့တွင် အောက်တိုဘာလ ၈ ရက်နေ့ ကပြုလုပ်ခဲ့သည်။

အဆိုပါဆုတောင်းပွဲတွင် ပြည်ပမီဒီယာအချို့က ရိုဟင်ဂျာဟိန္ဒူ ဟုသုံးစွဲနေခြင်းအား ကန့်ကွက်ရှုတ်ချကြောင်း ဧရာဝတီတိုင်းဒေသကြီး ဟိန္ဒူဘာသာရေးအဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။

"နိုင်ငံခြားသတင်းမီဒီယာအချိုကိုလည်း ပြတ်ပြတ်သားသား ဝေဖန်ရှုံ့ချကြောင်း၊ နိုင်ငံခြားမီဒီယာအချို့သည် ဟိန္ဒူလူမျိုးများကို "ရိုဟင်ဂျာဟိန္ဒူ”ဟူသောဝေါဟာရ အသစ်အဖြစ် ခေါ်ဆိုနေကြည်ကို သတိထားမိပါသည်၊ ထိုဝေါဟာရသည် မြန်မာနိုင်ငံရောက် ဟိန္ဒူဘာသာဝင်များ၏ သမိုင်းကြောင်းနှင့် ဟိန္ဒူဗဟိုကောင်စီစည်းမျဉ်းပါလူမျိုး(၁၀)မျိုးတွင် ပါဝင်ခြင်းလည်းမရှိပါ၊ လူတချို့က ပြည်ပနိုင်ငံများ လှည့်ဖြားရန်အတွက် လုပ်ကြံဖန်တီးထားသော စကားဖြစ်သဖြင့် ထိုသို့ခေါ်ညွန်သုံးစွဲခြင်း မပြုရန် တိုက်တွန်းအပ်ပါသည်”ဟု ဧရာဝတီတိုင်းဒေသကြီး ဟိန္ဒူဘာသာရေးအဖွဲ့က အချက်၈ချက်ပါ သဘောထားကြေငြာချက်ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ် အနောက်ဘက်ပိုင်း မောင်တောဒေသအတွင်း သြဂုတ် ၂၅ ရက်နေ့မှ ၃ဝ ရက်နေ့အထိ ဖြစ်ပွား ခဲ့သော အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် ဘူးသီးတောင်မြို့နယ် အတွင်းရှိ   ကျေးရွာပေါင်း ၃၄ ရွာမှ ဒေ သခံ တိုင်းရင်းသား ပြည်သူ ၂,၃၂၆ ဦးနှင့် မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၄၃ ရွာမှ ဒေသခံတိုင်း ရင်းသား ပြည်သူ ၉,၄ဝ၂ ဦး စုစုပေါင်း ၁၁,၇၂၈ ဦးတို့ တိမ်းရှောင်နေရကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required