ဘာစီလိုနာကို ချန်ပီယံလိဂ်မှ ထုတ်ပယ်ရန် နေမာ၏တောင်းဆိုမှုကို UEFA ချက်ချင်း ပယ်ချ

ဘာစီလိုနာကို ချန်ပီယံလိဂ်မှ ထုတ်ပယ်ရန် နေမာ၏တောင်းဆိုမှုကို UEFA ချက်ချင်း ပယ်ချ

အောက်တိုဘာ ၈၊ စပိန် ။            ။ ဘာစီလိုနာအသင်းကို ချန်ပီယံလိဂ်မှ ထုတ်ပယ်ပေးရန် နေမာ၏တောင်းဆိုခဲ့မှုအား ယူအီးအက်ဖ်အေက အရေးပါသည့်အရာ မဟုတ်သည့်အတွက် ချက်ချင်းပယ်ချလိုက်သည်။

နေမာသည် စာချုပ်သက်တမ်းမကုန်မီ ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့သွားသည့်အတွက် ဘာစီလိုနာအသင်းက အသင်းအပေါ်သစ္စာရှိကြေး အပိုဆုကြေးငွေ ပေါင် ၂၃ သန်းကို မပေးချေခြင်းဖြစ်သည်။ ၎င်းတို့၏ စာချုပ်တွင် အသင်း၌စာချုပ်သက်တမ်းကုန်ဆုံးချိန်အထိ ကစားလျှင်ဖြစ်စေ သို့မဟုတ် အသင်းက လိုလိုလားလားရောင်းချလျှင်ဖြစ်စေ အပိုဆုကြေးငွေကို ပေးချေရမည်ဟု ပါရှိသည်။

ဘာစီလိုနာအသင်းအနေဖြင့် ၎င်းကို ပီအက်စ်ဂျီအသင်းထံ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် လိုလိုလားလားရောင်းချခဲ့ခြင်းဖြစ်သည့်အတွက် အပိုဆုကြေးပေးသင့်သည်ဟု နေမာက တောင်းဆိုခဲ့ခြင်းဖြစ်သည်။

သို့သော် ဘာစီလိုနာအသင်းဘက်ကလည်း အချက်သုံးချက်ထောက်ပြကာ အပိုဆုကြေးပေးရန်မလိုကြောင်း ဆိုခဲ့သည်။

(၁) ကစားသမားဟာ ပြီးခဲ့တဲ့သုံးလ ဇူလိုင် ၃၁ ရက်မတိုင်ခင် ဘယ်အသင်းနဲ့မှ ညှိနှိုင်းတာမျိုးမလုပ်ရပါဘူး။ (၂) နေမာဟာ သူ့ရဲ့စာချုပ်ပါအချက်အလက်အတိုင်း လုပ်ဆောင်နိုင်ခဲ့တယ်ဆိုတာ လူသိရှင်ကြား သက်သေပြရပါမယ်။ (၃) ဒီအချက်တွေကို စက်တင်ဘာလ ၁ ရက်နေ့မှာ စုဆောင်းခဲ့ပါတယ်။ နေမာအနေနဲ့ အခြားအသင်းတစ်သင်းကိုပြောင်းရွှေ့ခဲ့တဲ့အတွက် အသင်းကလည်း အပိုဆုကြေးငွေကို ပေးချေတော့မှာ မဟုတ်ပါဘူး။ ဟု ဘာစီလိုနာအသင်းက ဖော်ပြခဲ့သည်။

ရည်ညွှန်း မက်ထရို

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags