ရခိုင်ပဋိပက္ခတွင် အကြောင်းအရာပေါင်းစုံ ပါ၀င်ပတ်သက်နေသည်ဟု ကုလအစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်ပြော

ရခိုင်ပဋိပက္ခတွင် အကြောင်းအရာပေါင်းစုံ ပါ၀င်ပတ်သက်နေသည်ဟု ကုလအစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်ပြော
ဓာတ်ပုံ - MOI

 

ရန်ကုန်၊ အောက်တိုဘာ ၇ ။               ။ ရခိုင်ပြည်နယ်ရှိ လက်ရှိဖြစ်ပွားလျှက်ရှိသော ပဋိပက္ခများတွင် အကြောင်းအရာပေါင်းစုံ ပါဝင်ပတ်သက်နေသည်ဟု လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်   ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကပြောဆိုလိုက်သည်။

အောက်တိုဘာ ၂ ရက်နေ့မှစတင်ကာ ၆ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ၅ ရက်ကြာပြုလုပ်ခဲ့သည့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အမှုဆောင် ကော်မတီ (၆၈)ကြိမ်မြောက် အစည်းအဝေးတတ်ရောက်စဉ် ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလား ဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးသွားသောဒုက္ခသည်များအား စနစ်တကျပြန်လည်လက်ခံရန်လည်း ဆောင်ရွက် လျက်ရှိပြီး ၁၉၉၃ခုနှစ် မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက်အရ စီစစ်လက်ခံမည် ဖြစ်ကြောင်းလည်း ပြောသည်။

ရခိုင်ပြည်နယ်တွင် လုံခြုံရေးဆိုင်ရာအင်အားသုံး တိုက်ခိုက်မှုများကို စက်တင်ဘာ(၅)ရက် နောက်ပိုင်း မှစ၍ အဆုံးသတ်ခဲ့ပြီး ရေရှည်တည်တံ့သည့် ပေါင်းစည်းရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်းလည်း သိရသည်။

ထို့အပြင် လူသားချင်းစာနာသော အထောက် အပံ့များပေးရာတွင် လုံခြုံမှုနှင့်လွတ်လပ်မှုကို ချိန်ဆ ထည့်သွင်းစဉ်းစား ရမည်ဖြစ်ကြောင်း လည်းပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အစည်းအဝေးတွင်ပြောဆိုခဲ့သည်။

လူသားခြင်းစာနာမှု အကူအညီများပေးသည့်ကိစ္စအပြင် ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့် အခြားလိုအပ်သည်များကိုလည်း ကြိုးပမ်း ဆောင်ရွက် သွားမည်ဖြစ်ပြီး မည်သည့်ခွဲခြားမှုမှမရှိသည့် မျှတသော ပူးပေါင်းပါဝင်မှုများကို ကြိုဆိုကြောင်း ပြည်ထောင်စုဝန်ကြီးက ဆွေးနွေး ပြောကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required