နိုင်ငံတကာပွဲများကစားသည့်ကာလကို တိုးမြှင့်ရန် ဖီဖာဆွေးနွေးမည်

နိုင်ငံတကာပွဲများကစားသည့်ကာလကို တိုးမြှင့်ရန် ဖီဖာဆွေးနွေးမည်

 

အောက်တိုဘာ ၇၊ ဇူးရစ်။                      ။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာသည် ဘောလုံးရာသီတစ်ရာသီအတွင်း နိုင်ငံတကာပွဲများကစားသည့်ကာလကို တိုးမြှင့်ပြီး နိုင်ငံတကာပွဲ ရက်သတ္တပတ် အရေအတွက်ကို လျှော့ချသည့်စနစ်ကို မိတ်ဆက်ရန် စဉ်းစားနေသည်။

ကလပ်များနှင့် နိုင်ငံအသင်းများအကြားဟန်ချက်ညီစေချင်နေသည့် ဖီဖာအနေဖြင့် ယင်းကိစ္စအပေါ်စတင်ဆွေးနွေးတိုင်ပင်နေပြီ ဖြစ်သည်။

လက်ရှိတွင် ဘောလုံးရာသီတစ်ရာသီအတွင်း ရက်သတ္တပတ်နှစ်ပတ်ကြာမြင့်သည့် နိုင်ငံတကာပွဲကာလ လေးခုရှိနေသည်။ အောက်တိုဘာနိုင်ငံတကာပွဲကာလမှာ ၂၀၁၇-၁၈ ဘောလုံးရာသီအတွက် ဒုတိယမြောက်နိုင်ငံတကာပွဲကာလဖြစ်ပြီး နောက်နှစ်ကြိမ်မှာ နိုဝင်ဘာနှင့် မတ်လတွင် ကျရောက်မည်ဖြစ်သည်။

ယင်းပုံစံအတိုင်း ၂၀၂၄ ခုနှစ်အထိဆက်သွားမည်ဖြစ်ပြီး အပြောင်းအလဲပြုလုပ်ရန် ကလပ်များ၊ သက်ဆိုင်ရာပြည်တွင်းလိဂ်များ၊ ရုပ်သံလွှင့်ဌာနများနှင့် သဘောတူညီချက် ယူရဦးမည်ဖြစ်သည်။

မန်ယူနှင့်အာဆင်နယ်အသင်းတို့၏နည်းပြများဖြစ်သည့် မော်ရင်ဟိုနှင့် အာစင်ဝင်းဂါးတို့က ၎င်းတို့၏အသင်းများပုံစံကောင်း ရနေချိန်နှင့် အချိန်ကိုက်ဖြစ်နေသည့်   အောက်တိုဘာနိုင်ငံတကာ

ပွဲကာလကို ဝေဖန်ထားကြသည်။

Ref; BBC
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly