ချယ်လ်ဆီးဂိုးသမား ကော်တိုရစ် ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့လို

ချယ်လ်ဆီးဂိုးသမား ကော်တိုရစ် ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့လို
(ဓာတ်ပုံ - အီးပီအေ)

ဂိုးသမား ကော်တိုရစ်ဟာ ရီးယဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတာကြောင့်  ချယ်လ်ဆီးအသင်းနှင့် စာချုပ်သစ် ချုပ်ဆိုရန် ငြင်းဆန်လိုက်တယ်လို့ သိရပါတယ်။ 

ဘယ်လ်ဂျီယံဂိုးသမားရဲ့ စာချုပ်ဟာ ၂၀၁၉ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး ချယ်လ်ဆီးဘုတ်အဖွဲ့က ၎င်းကို စတန်းဖို့ဒ်ဘရစ်ချ်မှာ ဆက်ရှိနေရန် သက်တမ်းတိုးလိုနေခြင်းဖြစ်ပါတယ်။ 

အသက် ၂၅ နှစ်အရွယ်ရှိ ကော်တိုရစ်ဟာ ၂၀၁၁ ခုနှစ်က Genk အသင်းမှ ချယ်လ်ဆီးအသင်းဆီ လာရောက် ပူးပေါင်းခဲ့ပြီး ချက်ချင်းဆိုသလို ရီးယဲလ်အသင်းရဲ့ ပြိုင်ဘက် အက်သလက်တီကိုအသင်းသို့ (၃) ရာသီ အဌားနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ကော်တိုရစ်အနေဖြင့် အက်သလက်တီကိုအသင်းမှာ အဓိက အခန်းကဏ္ဍမှာ ပါဝင်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ ယူရိုပါလိဂ်ဖလားနှင့် ၂၀၁၃ မှာ စပိန်ဘုရင့်ဖလား ရရှိခဲ့သလို ၂၀၁၄ မှာ လာလီဂါအမှတ်ပေးဖလားကိုလည်း ဆွတ်ခူးရယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် အခုချိန်မှာတော့ အဆိုပါဂိုးသမား လာလီဂါဆီ ပြန်လည် ပြောင်းရွှေ့လိုနေပါတယ်။ 

ရီးယဲလ်အသင်းဟာ လက်ရှိဂိုးသမား နာဗတ်ရဲ့ နေရာအစားထိုးဖို့ ပထမဦးစားပေး ပစ်မှတ်မှာ ဒီဂီယာဖြစ်နေပေမယ့်လည်း ၎င်းကို စောင့်ဆိုင်းနေခြင်းထက် ကော်တိုရစ်ကို ခေါ်ယူရန် ပိုမိုအာရုံစိုက်လာတယ်လို့ သိရပါတယ်။

Ref; ESPN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly