ပြိုင်ဘက် လီဗာပူးလ်မှ ကွင်းလယ်လူ အမ်မရီချန်ကို ခေါ်ယူရန် မန်ယူအသင်း စိတ်ဝင်စား

ပြိုင်ဘက် လီဗာပူးလ်မှ ကွင်းလယ်လူ အမ်မရီချန်ကို ခေါ်ယူရန် မန်ယူအသင်း စိတ်ဝင်စား
(ဓာတ်ပုံ - အီးပီအေ)

ဂျူဗီတပ်စ်အသင်းက ခေါ်ယူဖို့ အခွင့်အရေးတွေရှိနေတဲ့ လီဗာပူးလ်ကွင်းလယ်လူ အမ်မရီချန်ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ခေါ်ယူလိုတဲ့ ပစ်မှတ်ကစားသမားစာရင်းထဲမှာ ပါဝင်နေကြောင်း အီတလီမှ လာတဲ့သတင်းများအရ သိရပါတယ်။

လာမယ့် နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် အသက် ၂၃ နှစ်အရွယ်ရှိကစားသမားဟာ လီဗာပူးလ်အသင်းနှင့် သက်တမ်းတိုးစာချုပ်အတွက် သဘောတူညီမှု မရှိသေးဘဲ ၎င်းရဲ့အနာဂတ်မှာ မသေချာမရေရာတဲ့ အနေအထားမှာရှိနေပါတယ်။

အပြောင်းအရွှေ့ပိတ်ရက် နောက်ဆုံးနေ့က လီဗာပူးလ်အသင်းဟာ အမ်မရီချန်အတွက် ပေါင် ၂၃ သန်းနဲ့ ဂျူဗီတပ်စ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး ကစားသမားကို ဆက်ထိန်းထားခဲ့ပါတယ်။ ဒါပေမယ့် အမ်မရီချန်ဟာ ဇန်နဝါရီလမှာ ဂျူဗီတပ်စ်အသင်းနဲ့ အကြိုစာချုပ်ချုပ်ဆိုဖို့ အသင့်ဖြစ်နေပြီလို့လည်း သတင်းတွေ ထွက်ထားပါတယ်။

ဒါပေမယ့်လည်း မန်ယူအသင်းဟာ ချန်ကို ခေါ်ယူဖို့ ကြိုးစားလာနိုင်တာကြောင့် ဂျူဗီတပ်စ်အသင်းအတွက် အဟန့်အတားဖြစ်လာဖွယ်ရှိပါတယ်။

သတင်းများအရ နည်းပြ မော်ရင်ဟိုက ရာသီကုန်မှာ အနားယူတော့မယ့် မိုက်ကယ်ကားရစ်နေရာမှာ ကွင်းလယ်ပိုင်းကို လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ ရည်ရှည်အစားထိုးမှုတစ်ခုကို ရှာဖွေနေပြီး ချန်မှာ ၎င်းရဲ့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

Ref; talkSPORT

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required