အပ်မလိုတဲ့ Mesotherapy ဟာ ရင်သားတွေကို ဘယ်လို မြှင့်တင်ပေးနိုင်သလဲ

အပ်မလိုတဲ့ Mesotherapy ဟာ ရင်သားတွေကို ဘယ်လို မြှင့်တင်ပေးနိုင်သလဲ

ရေးသားသူ Dr . Phyu Mon Latt 
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. Kaung Thar. 

အလှအပဆိုင်ရာ အရေပြားကုသနည်းတွေမှာ ပြင်သစ်နိုင်ငံက ရှာဖွေတွေ့ရှိခဲ့တဲ့ အကောင်းဆုံးကုသနည်းတစ်ခုကတော့ mesotherapy ပဲဖြစ်ပါတယ်။ ဒီနည်းဟာ အသက်ကြီးခြင်း၊ အဝလွန်ခြင်းအစရှိတာတွေကို ကုသရာမှာ အံ့သြဖွယ်ကောင်းတဲ့ ရလဒ်တွေကို ပြသခဲ့ပါတယ်။

နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ အပ်မလိုတဲ့ mesotherapy (NNM) ဟာ ဆိုးကျိုးပိုနည်းပြီး အရေပြားကို နာကျင်မှုမရှိပဲ ဖေါက်ထွင်းဝင်နိုင်တဲ့ တူညီစွာ အာနိသင်ရှိတဲ့နည်းလမ်းတစ်ခုအဖြစ်ပေါ်ထွက် လာခဲ့ပါတယ်။

ဒီကုသနည်းဟာ ဘယ်လိုအကျိုးရှိသလဲ။

အပ်မပါတဲ့ Mesotherapy စက်ဟာ အသက်ကြီးရင့်ခြင်းကြောင့် အရေးအကြောင်းဖြစ်တဲ့နေရာတွေကို ပင့်တင်နိုင်ဖို့အတွက် လှုံ့ဆော်ပေးနိုင်ပြီး အရေပြားရဲ့ Mesoderm အလွှာထဲကို နက်ရှိုင်းစွာ ဝင်ရောက်သွားနိုင်တဲ့ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေကို ရင်သားအတွင်းထိုးသွင်းခြင်းအားဖြင့် ရင်သားကိုပင့်တင်ပေးနိုင်ပါတယ်။

ဒီသဘာဝပစ္စည်းတွေမှာ ဗီတာမင်၊ သတ္တုဓါတ်၊ amino acids၊ anti-oxidants တွေ ပါဝင်ပြီး collagen နဲ့ elastin ကို လှုံ့ဆော်ပေးကာ အရေပြားကို ရေဓါတ်နဲ့ ဇီဝဓါတုဖြစ်စဉ်ကို ပိုမိုကောင်းမွန်စေပါတယ်။

ဒီနည်းလမ်းဟာ သင့်ကို လျှပ်စစ်ဓါတ်အသုံးပြုပြီး ကြွက်သားတင်းရင်းစေခြင်း၊ ပြန်ရည်ကြောစနစ်ကို လှုံ့ဆော်ပေးခြင်း အစရှိတဲ့ အရေပြားအောက်ကို ထိုးသွင်းရတဲ့ဆေးတွေကနေ သက်သာစေပါတယ်။ ဒါ့ပြင် ဒီကုသနည်းရဲ့ အစွမ်းထက်မှုကို စက်အတွင်းတပ်ဆင်ထားတဲ့ လေဆာကိရိယာကို အသုံးပြုခြင်းက တိုးမြှင့်ပေးနိုင်ပါတယ်။

အပ်မလိုတဲ့ ရင်သားပင့်တင်ခြင်းရ ရလဒ်က ဘာတွေလဲ။

အရေပြားအောက်ကို သဘာဝပစ္စည်း များစွာ ထိုးသွင်းလိုက်မှာ ဖြစ်တဲ့အတွက် သူဟာ အပြင်ရော အတွင်းမှပါ အာဟာရဓါတ်ဖြည့်တင်းပေးမှာဖြစ်ပါတယ်။ အရေပြားဟာ ပိုမို တင်းရင်းချောမွေ့လာပြီး ရေဓါတ်ပြည့်ကာ လှပလာပါလိမ့်မယ်။ ရင်သားကို ထောက်ပံ့ပေးနေတဲ့ အမျှင်တွေဟာလည်း collagen နဲ့ elastin ထုတ်လုပ်မှုတွေနဲ့အတူ သန်စွမ်းလာမှာ ဖြစ်ပါတယ်။

ပြင်းထန်တဲ့ ဆိုးကျိုးတွေ ရှိသေးသလား။

ဒီကုသမှုဟာ ရှေးရိုး Mesotherapy ရဲ့ တိုးတက်လာမှုတစ်ခုဖြစ်တာကြောင့် နောက်ဆက်တွဲဆိုးကျိုး နည်းပါးပြီး ဆိုးကျိုးဖြစ်တယ်လို့ အစီရင်ခံချက်တွေ မတွေ့ရသေးပါဘူး။ ဒါ့ပြင် ဒီနည်းကို တစ်နာရီအတွင်းမှာတင် မြန်ဆန်စွာ ပြုလုပ်နိုင်ပါတယ်။

အခြားတစ်ဖက်မှာတော့ ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်၊ အတက်ရောဂါရှိသူ၊ ကင်ဆာရောဂါရှိသူနဲ့၊ ကိုယ်ခန္ဓာအတွင်း သတ္တုအစိတ်အပိုင်း တစ်ခုခုထည့်ဖူးသူတွေကတော့ ဒီနည်းကို အသုံးမပြုသင့်ပါဘူး။

ကုသမှုအပြီး ကြာချိန်ဟာ ဘယ်လောက်ရှိပါသလဲ။

ကြာရှည်ခံတဲ့ အာနိသင်ကို ရရှိဖို့အတွက် ၈ ကြိမ်မှ ၁၀ကြိမ်အထိ ပြုလုပ်နိုင်ပါတယ်။ ရလဒ်ဟာ အရေပြားအမျိုးအစားစုံအတွက် သိသာထင်ရှားပါတယ်။ ပြန်လည်ထိန်းသိမ်းတဲ့ကုသမှုတွေကို ၆ ပတ်ကနေ ၈ပတ်ကြား တစ်ကြိမ် ပြုလုပ်သင့်ပါတယ်။

အပ်မလိုတဲ့ Mesotherapy မှာ ကောင်းကျိုးတွေရှိပေမယ့် ဒီနည်းလမ်းကို အသုံးမပြုခင် သင့်ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ လုံခြုံကျန်းမာတဲ့ နည်းလမ်းဖြစ်စေဖို့ ဆရာဝန် အကြံဉာဏ်ကို လိုက်နာသင့်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly