ဟာဇက်နှင့် ကော်တွိုက်စ်ကို စာချုပ်သက်တမ်းတိုးရန် ချယ်လ်ဆီး စီစဉ်နေ

ဟာဇက်နှင့် ကော်တွိုက်စ်ကို စာချုပ်သက်တမ်းတိုးရန် ချယ်လ်ဆီး စီစဉ်နေ

 

အောက်တိုဘာ ၅၊ လန်ဒန်။            ။ ချယ်လ်ဆီးအသင်းသည် အသင်း၏ အဓိက ကစားသမားနှစ်ဦးဖြစ်သော ဘယ်လ်ဂျီယမ်ကွင်းလယ်ကစားသမား ဟာဇက်နှင့် ဘယ်လ်ဂျီယမ်ဂိုးသမား   ကော်တွိုက်စ်တို့ကို စာချုပ်သက်တမ်းတိုးရန် စီစဉ်နေသည်။

ဘယ်လ်ဂျီယမ်အသင်းခေါင်းဆောင် ဟာဇက်မှာ လက်ရှိချယ်ယ်ဆီးတွင် လစာအများဆုံးအဖြစ် တစ်ပတ် ပေါင် နှစ်သိန်း ရရှိနေသူဖြစ်ပြီး စာချုပ်သစ်ကမ်းလှမ်းမှုအရ အပိုဆုကြေးများအပါအဝင် တစ်ပတ်ပေါင် သုံးသိန်းခန့် ရရှိနိုင်ဖွယ်ရှိနေသည်။

စပိန်ဂိုးသမား ကော်တွိုက်စ်မှာ လက်ရှိစာချုပ်သက်တမ်းကုန်ဆုံးရန် ၂၁လသာ ကျန်ရှိနေပြီး လက်ရှိတစ်ပတ် လုပ်ခ ပေါင် တစ်သိန်းနှစ်သောင်းကို ပေါင်နှစ်သောင်းအထိတိုးမြှင့်ပေးရန် စီစဉ်နေသည်။

ဘယ်လ်ဂျီယမ်လက်ရွေးစင်ကစားသမားများဖြစ်သော ဟာဇက်နှင့်ကော်တွိုက်စ်တို့ကို လာလီဂါထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းကလည်း စိတ်ဝင်စားနေသဖြင့် ချယ်လ်ဆီးက လက်ဦးမှုရယူနိုင်ရန် စာချုပ်သစ်ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် အဆိုပါကစားသမားနှစ်ဦးမှာ ဘော့စနီးယားနှင့်ကစားရမည့်ပွဲအတွက် ဘယ်လ်ဂျီယမ်လက်ရွေးစင်အသင်းနှင့်အတူ လေ့ကျင့်မှုများ ပြုလုပ်နေသည်။

Ref: Goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required