ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေ ၊ မုန်တိုင်းဖြစ်မဖြစ် စောင့်ကြည့်နေ

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေ ၊ မုန်တိုင်းဖြစ်မဖြစ် စောင့်ကြည့်နေ

 

ရန်ကုန် ၊ အောက်တိုဘာ ၅ ။                  ။ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းရေပြင် ၊ ရခိုင်ကမ်းလွန် ရေပြင်ပေါ်၌ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပြီး ကြီးမားသည့် တိမ်တိုက်ကြီး တစ်ခုဖြစ်ပေါ်နေသည်ဟု မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က ခန့်မှန်းထားသည်။

မုန်တိုင်းဖြစ်ပေါ်နိုင်မှု အလားအလာရှိနေပြီး ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းရေပြင်တွင် လေစိုင်ဝဲတစ်ခုလည်း စတင်ဖြစ်ပေါ်နေသည်ဟု ၎င်းက သူ့၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

သို့သော်လည်း မုန်တိုင်းဖြစ်ရန် စောင့်ကြည့် အနေအထားအဆင့်သာ ရှိနေသည်ဟု ၎င်းက ဆိုသည်။

မြန်မာ့ကမ်းရိုးတန်း ဒေသများတွင် မိုးရွာသွန်းမှုများ ဖြစ်နေပြီး အထူးသဖြင့် ရခိုင်ပြည်နယ်တွင် မိုးအများဆုံး ရွာသွန်းနေသည်။ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင်လည်း (၄)ပေမှ (၆)ပေခန့် အထိလှိုင်းအမြင့်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဖော်ပြထားသည်။

တစ်နာရီလျှင် (၃၅)မိုင်အထိ လေတိုက်နူန်းရှိနိုင်သော မိုးသက်လေပြင်းမှာလည်း မြန်မာ့ပင်လယ်ပြင်၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ကျရောက်နိုင်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်အထိ ဖြစ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

မိုးရွာသွန်းမှုကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့နှင့် မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်တို့၌ လှိုင်းအမြင့်ပေ (၇)ပေမှ (၁၀)ပေခန့်အထိ မြင့်တက်နိုင်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required