တူရကီတွင် သမ္မတ အာဂိုဂန်အား လုပ်ကြံရန်ကြံစည်မှုဖြင့် လူ ၄၀ အား တစ်သက်တစ်ကျွန်း ထောင်ဒဏ်ချ

တူရကီတွင် သမ္မတ အာဂိုဂန်အား လုပ်ကြံရန်ကြံစည်မှုဖြင့် လူ ၄၀ အား တစ်သက်တစ်ကျွန်း ထောင်ဒဏ်ချ

 

သမ္မတ အာဂိုဂန်အား လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုဖြင့် လူပေါင်း ၄၀ ကို တူရကီတရားရုံးချုပ်က ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်သည်။

ပြီးခဲ့သည့်နှစ်က အရေးနိမ့်ခဲ့သည့် အာဏာသိမ်းမှုတွင် သမ္မတအား လုပ်ကြံရန် ကြံစည်သည် စွပ်စွဲလျက် လူ ၄၆ ဦးကို တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ထိုတရားစွဲဆိုခံရသူ အများစုမှာ တူရကီအထူးတပ်ဖွဲ့မှ စစ်သားဟောင်းများ ဖြစ်ကြသည်။ သမ္မတ အာဒိုဂန် ရက်အားလပ် အပန်းဖြေနေရာ ဟိုတယ်တွင် လုပ်ကြံရေးကို စီစဉ်ခဲ့သူများဟု စွဲဆိုခံရခြင်း ဖြစ်သည်။

အဆိုပါ အာဏာသိမ်းရန် ကြံစည်မှုတွင် ပါဝင်ပတ်သက်သူ ရာပေါင်းများစွာ အပါအဝင် သမ္မတအား လုပ်ကြံရန် ကြံစည်မှုဖြင့် အထူးစီရင်ချက် ချရန် တရားစွဲဆိုလျက်ရှိခြင်းဖြစ်သည်။

တရားစွဲဆိုမှုတွင် အာဏာသိမ်းရန် လှုံ့ဆော်သူအဖြစ် အမေရိကန်တွင် နေထိုင်နေသော ဘာသာရေးခေါင်းဆောင် ဖက်တူလက်ရှ်ဂူလန်ကိုပါ စွဲဆိုခြင်းဖြစ်သော်လည်း ၎င်းကိုမူ စီရင်ချက်ချနိုင်ခြင်း မရှိပေ။

ဂူလန်သည် ၂၀၁၆ ခုနှစ်က အရေးနိမ့်ခဲ့သည့် အာဏာသိမ်းရန် ကြံစည်မှုတွင် နောက်ကွယ်က ပါဝင်နေသည်ဟု တူရကီက စွပ်စွဲသော်လည်း ဂူလန်က ငြင်းဆန်ထားသည်။

သမ္မတအား လုပ်ကြံရန် ကြံစည်သူများကို စီရင်ချက် ကြားနာသည့် မူလဂါ တရားရုံးအပြင်ဖက်တွင် အာဒိုဂန်အား ထောက်ခံသူများက တရားရုံးအပြင်ဖက်တွင် စုဝေးကြကာ ၎င်းတို့အား သေဒဏ် အပြစ်ပေးရန် စာတမ်းများ ကိုင်ဆောင်ဝှေ့ယမ်းကာ တောင်းဆိုကြခြင်း ဖြစ်သည်။
 
တူရကီသည် အီးယူသို့ ဝင်ရောက်ခွင့်ရရေးအတွက် သေဒဏ်ကို ၂၀၁၄ ခုနှစ်အတွင်းက ရုပ်သိမ်းထားခြင်း ဖြစ်ရာ ယခုကဲ့သို့ ထောင်ဒဏ် တစ်သက်တစ်ကျွန်းသာ ပြစ်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။ တူရကီ သမ္မတ အာဒိုဂန်အနေဖြင့် သေဒဏ်ကို ပြန်လည်ပြဌာန်းနိုင်ရေး လုပ်ဆောင်လျက် ရှိနေသူလည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required