ခမောင်းဆိပ် လူအစုလိုက်အပြံုလိုက်သတ်ဖြတ်ခံရမှု အဓိက မျက်မြင်သက်သေ ဟိန္ဒူ အမျိုးသမီး ၈ ဦး ပြန်လည်ရောက်ရှိ

ခမောင်းဆိပ် လူအစုလိုက်အပြံုလိုက်သတ်ဖြတ်ခံရမှု အဓိက မျက်မြင်သက်သေ ဟိန္ဒူ အမျိုးသမီး ၈ ဦး ပြန်လည်ရောက်ရှိ
ဓာတ်ပုံ-ဦးဇော်ဌေးတွစ်တာ

ရန်ကုန် ၊ အောက်တိုဘာ ၅ ။                     ။ ARSA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရသည်ဟု ဆိုသော ဟိန္ဒူ အမျိုးသမီး ၈ ဦးနှင့် ကလေးငယ် ၈ ဦးကို မြန်မာနိုင်ငံအတွင်းသို့   ပြန်လည်ခေါ်ဆောင်လာနိုင်ပြီဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

ယင်းတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အကူအညီဖြင့် စက်တင်ဘာလကုန်ပိုင်းနှင့် ယခုလဆန်းပိုင်းတွင် ပြန်လည်ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

မောင်တောဒေသ၌ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များစတင်ခဲ့သည့် သြဂုတ် လ ၂၅ ရက်နေ့တွင် ARSA အဖွဲ့မှ ခမောင်းဆိပ်ကျေးရွာအုပ်စု ရဲဘောက်ကျရွာတွင် နေထိုင်သည့် ဟိန္ဒူ ဘာသာဝင်များ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်ဟု ပြန်လည်ရောက်ရှိလာသည့် အမျိုးသမီးများက ပြောဆိုခဲ့သည်။

ယင်းအမျိုးသမီး ၈ ဦးကို ARSA မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ခေါ်ဆောင်သွားခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကူတူပါလောင် ဒုက္ခသည်စခန်း၌ ရောက်ရှိနေခြင်းဖြစ်သည်။

ပဋိပက္ခဖြစ်စဉ်အတွင်း၌ ရဲဘောက်ကျ ကျေးရွာရှိ ဟိန္ဒူ ဘာသာဝင် ၉၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီး လက်ရှိအချိန်အထိ ရုပ်အလောင်း ၄၅ လောင်းအထိ ရှာဖွေတွေ့ရှိထားပြီးဖြစ်သည်။

အဆိုပါ သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး ARSA အဖွဲ့မှ မည်သို့သော အကြောင်းပြန်ချက်မှထုတ်ပြန်ခြင်း မရှိပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required