ပရီးမီးယားလိဂ်သို့ ပြန်လာရန် အန်ဆလော့တီ ဆန္ဒရှိနေ

ပရီးမီးယားလိဂ်သို့ ပြန်လာရန် အန်ဆလော့တီ ဆန္ဒရှိနေ

 

အောက်တိုဘာ ၄၊ လန်ဒန်။                         ။ ဘိုင်ယန်မြူးနစ်အသင်းမှ ထုတ်ပယ်ခံခဲ့ရသော အီတလီလူမျိုးနည်းပြ အန်ဆလော့တီမှာ ပရီးမီးယားလိဂ်သို့ ပြန်လာပြီး နည်းပြပြန်လုပ်ရန် စိတ်ဝင်စားနေသည်ဟု သတင်းများထွက်ပေါ်နေသည်။

အန်ဆလော့တီမှာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင် ပီအက်စ်ဂျီအသင်းကို သုံးဂိုးပြတ်ရှုံးပြီးနောက် ဘိုင်ယန်မြူးနစ် နည်းပြရာထူးမှထုတ်ပယ်ခံခဲ့ရသလို ဘိုင်ယန်စီနီယာကစားသမားအချို့၏   ထောက်ခံမှုမရခြင်းကြောင့် အထုတ်ခံရခြင်းဟုလည်း သတင်းထွက်နေသည်။

၂၀၀၉ခုနှစ်မှ ၂၀၁၁ခုနှစ်အထိ ချယ်လ်ဆီးအသင်းကို တာဝန်ယူကိုင်တွယ်ခဲ့ဖူးသော အန်ဆလော့တီမှာ ပရီးမီးယားလိဂ်ကလပ်များဖြစ်သော ချယ်လ်ဆီး၊ အာဆင်နယ်၊ အဲဗာတန်၊ ဝက်စ်ဟမ်းစသည့် အသင်းများကို ကိုင်တွယ်ရန် စိတ်ဝင်စားနေသည်ဟု မီဒီယာများကဖော်ပြနေကြသည်။

ကျွန်တော်နည်းပြအလုပ်ကို ပြန်လုပ်မှာပါ။ ဒီနှစ်တော့မဟုတ်ဘူး။ နောက်နှစ်မှပေါ့။ ပရီးမီးယားလိဂ်ကို သွားမလား၊ တစ်ခြားကလပ်အသင်းတွေမှာလုပ်ဖြစ်မလားဆိုတာတော့ ဘာမှမသေချာသေးပါဘူး။ ဆယ်လလောက် အနားယူပြီးမှ ဆုံးဖြတ်ချက်ချပါမယ်။ ဟု အန်ဆလော့တီက Sky Sports ရုပ်သံလိုင်းနှင့်တွေ့ဆုံမေးမြန်းရာတွင်ပြောသည်။

အသက် ၅၈နှစ်အရွယ် နည်းပြ အန်ဆလော့တီမှာ နည်းပြဘဝသက်တမ်းတစ်လျှောက် ရက်ဂျီနာ၊ ပါးမား၊ ဂျုဗင်တပ်၊ အေစီမီလန်၊ ချယ်လ်ဆီး၊ ပီအက်စ်ဂျီ၊ ရီးယဲလ်၊ ဘိုင်ယန်အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့ဖူးသည်။

Ref: Goal.com

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly