နယ်စပ်ခြံစည်းရိုးကာရန် ပစ္စည်းများနှင့် စားနပ်ရိက္ခာထောက်ပံ့ပစ္စည်းများ ပို့ဆောင်

နယ်စပ်ခြံစည်းရိုးကာရန် ပစ္စည်းများနှင့် စားနပ်ရိက္ခာထောက်ပံ့ပစ္စည်းများ ပို့ဆောင်
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

 

အောက်တိုဘာ ၄ ။                  ။ နယ်စပ်ဒေသခြံစည်းရိုး ကာရံရန်အတွက် ပစ္စည်းများနှင့် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသား ပြည်သူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများ ပို့ဆောင်နေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့ ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်အတွင်း ARSA အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရ သည့် ဒေသခံတိုင်းရင်းသားပြည်သူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် အနယ်နယ်အရပ်ရပ်မှ စေတနာရှင် အလှူရှင်များက လှူဒါန်း သည့် ထောက်ပံ့ပစ္စည်းများကို တပ်မတော်မှ လေယာဉ်၊ ရေယာဉ်များ ဖြင့် ပို့ဆောင်ပေးလျက်ရှိသည်ဟု သိရသည်။

ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ စားသောက်ဖွယ်ရာများ၊ အဝတ်အထည်များနှင့် နယ်စပ်ဒေသခြံစည်းရိုးကာရံရန် အတွက် ပစ္စည်းများကို ယနေ့မွန်းလွဲပိုင်းတွင် တပ်မတော်(ရေ)မှ စစ်ရေ ယာဉ်ဖြင့် ရန်ကုန်မြို့မှ စစ်တွေမြို့ သို့ ပို့ဆောင်ရန်ထွက်ခွာသွားကြောင်း ထုတ်ပြန်ထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required