မတူညီသောဂီတများနှင့် ဇာတ်ရှုပ် သီချင်းခွေ နိုဝင်ဘာ ထွက်မည်

မတူညီသောဂီတများနှင့် ဇာတ်ရှုပ် သီချင်းခွေ နိုဝင်ဘာ ထွက်မည်
ဓာတ်ပုံ - စိုးသူအောင်
 

 

ရန်ကုန်၊အောက်တိုဘာ ၃ ။               ။ မတူညီသော ဂီတအမျိုးအစားများပါဝင်ပြီး အဆိုတော် ၁၃ ယောက်၏ သီချင်း ၁၃ ပုဒ် ပါဝင်သည့် ဇာတ်ရှုပ် တေးသီချင်းအယ်လ်ဘမ်ကို လာမည့် နိုဝင်ဘာလတွင် စတင်ဖြန့်ချိသွားမည်ဖြစ်သည်။

ယနေ့ အောက်တိုဘာ၃ရက် Orchid Hotel ၌ ယင်းသီချင်းခွေ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဲလက်စ်၊ IDIOTS၊ Fever 109၊  Nine One နှင့် ကိုင်ဇာတင်မုံ အပါအဝင် အဆိုတော် (၁၃)ယောက် ပါဝင်ထားသည့် " ဇာတ်ရှုပ်" ဆိုသော သီချင်းခွေကို နိုဝင်ဘာလထဲ၌ CD အဖြစ် ဖြန့်ချိသွားမည်ဖြစ်ကြောင်း ပရိုဂျူဆာ ကိုစည်သူထွန်းက ဆိုသည်။

"ဂီတမတူတာတွေ ပေါင်းစည်းတာ ကျွန်တော်တို့ငယ်ငယ်တုန်းက ပေးဦးနော် ဆိုတဲ့အခွေထွက်တယ်။ ကျွန်တော်က ကြိုက်တယ် ။ အဲဒီလို အခွေ မထွက်တာကြာတော့ ကျွန်တော်သဘောကျတဲ့ အဲဒါမျိုးလေး လုပ်ဖြစ်သွားတာပါ "ဟု ပရိုဂျူဆာ က ပြောသည်။

အဆိုပါသီချင်းခွေ၌ ပေါ့ခ်၊ ရော့ခ်၊ ဟစ်ဟော့ ၊ မက်တယ် အစရှိသည့် သီချင်းအမျိုးအစား အစုံပါဝင်မည်ဖြစ်ပြီး နောက်လ တွင် ထွက်ရှိမည့် ၎င်းသီချင်းခွေအတွက် တစ်နှစ်တာ အချိန်ယူပြင်ဆင်ခဲ့ရသည်ဟုလည်း သိရသည်။

CD ထွက်ရှိမည်ဖြစ်ပြီး  VCD ထွက်ရှိရန်ကတော့ အခြေအနေပေါ် မူတည်နေကြောင်း သူက ဆက်ပြောသည်။ ဇာတ်ရှုပ် သီချင်းတစ်ခွေလုံးမှာအားလုံးပေါင်း သီချင်း ၁၃ပုဒ် ပါဝင်မှာလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly