ဂျပန်နိုင်ငံကို နျူကလီးယားလက်နက်ဖြင့် တိုက်ခိုက်ချေမှုန်းပစ်မည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

ဂျပန်နိုင်ငံကို နျူကလီးယားလက်နက်ဖြင့် တိုက်ခိုက်ချေမှုန်းပစ်မည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

အောက်တိုဘာ ၃ ။                      ။ မိမိတို့နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေ တိုးမြင့်ချမှတ်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းသိမ်းသွင်းခဲ့တဲ့ ဂျပန်တို့ကို နျူကလီးယားလက်နက်နဲ့ အမှုန့်ခြေပစ်မယ်ဆိုပြီး မြောက်ကိုရီးယားတို့က ထုတ်ပြန်လာခဲ့ပါတယ်။

လက်ရှိအခြေအနေအရ မြောက်ကိုရီးယားတို့ရဲ့ နျူလက်နက်အစီအစဉ်တွေ စွန့်လွှတ်ရေးအတွက် ဆွေးနွေးညှိနှိုင်းခြင်းနည်းလမ်းကို မသုံးဘဲ ပိုမိုဖိအားပေးတဲ့ နည်းလမ်း သုံးရမှာဖြစ်တယ်ဆိုပြီး ဂျပန်တို့က ကုလ အထွေထွေညီလာခံမှာ တိုက်တွန်းပြောကြားထားခဲ့မှုနဲ့ပတ်သက်လို့ ယခုအခါမှာ ပြုံယမ်းအာဏာပိုင်တွေက တုန့်ပြန်ပြောကြားလာခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက ကုလ အစည်းအဝေးမှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ရာမှာတော့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ရန်လိုနေတဲ့   မြောက်ကိုရီးယားတို့နဲ့အကြား   စေ့စပ်ညှိနှိုင်းမနေတော့ဘဲ ယင်းနိုင်ငံအပေါ် ပိုမိုဖိအားပေးသွားကြရမှာဖြစ်ကြောင်း တိုက်တွန်း ပြောကြားထားခဲ့တာဖြစ်ပါတယ်။

အဆိုပါ ဂျပန်ဝန်ကြီးချုပ်ရဲ့ ကုလမိန့်ခွန်းနဲ့ပတ်သက်လို့ မြောက်ကိုရီးယားဘက်က လုံ့ဝဆန့်ကျင်ကြောင်း နိုင်ငံပိုင် KCNA သတင်းအေဂျင်စီကနေတဆင့် ထုတ်ပြန်ပြောကြားလာတာ ဖြစ်ပါတယ်။" ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ ပိုအရှိန်ကောင်းအောင် မီးထိုးပေးနေတဲ့ ဂျပန်ရဲ့ လုပ်ရပ်တွေကြောင့် သူတို့နိုင်ငံကျွန်းစုဆီ နျူကလီးယားတိမ်တိုက်တွေ ရောက်လာဖို့ ဦးတည်သွားစေခဲ့ပါတယ်" ဆိုပြီး KCNA သတင်းဌာနက ထုတ်ပြန်ပါတယ်။

ဂျပန်ဝန်ကြီးချုပ် အာဘေးဟာဆိုရင် ၎င်းရဲ့ နိုင်ငံရေးရည်ရွယ်ချက်တွေအတွက် ကိုရီးယားကျွန်းဆွယ်မှာ အကျပ်အတည်း ဖြစ်အောင်ကို အသုံးချလုပ်ဆောင်နေလျက်ရှိကြောင်း ကင်မ်ဂျုံအန်း အစိုးရက စွပ်စွဲပြောကြားထားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required