ဒေါ်အောင်ဆန်းစုကြည် ဘရူနိုင်းနို်င်ငံသို့ သွားမည်

ဒေါ်အောင်ဆန်းစုကြည် ဘရူနိုင်းနို်င်ငံသို့ သွားမည်
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(အောက်တိုဘာ ၃ရက်၊ ၂၀၁၇ခုနှစ်)။ ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်သည် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၊ ဘန်ဒါဆာရီဘီဂါဝန်မြို့သို့ မကြာမီကာလအတွင်း သွားရောက်မည်ဟု အောက်တိုဘာ ၃ရက်ထုတ်၊ နိုင်ငံပိုင်သတင်းစာမှတဆင့် ထုတ်ပြန်လိုက်သည်။

ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၏ ဘုရင်မင်းမြတ် ဆူလ်တန် ဟာဂျီ ဟာဆာနယ်လ် ဘိုကီးယား မူအစ်ဇာဒင် ဝါဒူလာ၏ ဖိတ်ကြားချက်အရ ဘရူနိုင်းဘုရင်၏ နန်းမွေဆက်ခံသည် နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ရန် မကြာမီကာလအတွင်း သွားရောက်မည် ဖြစ်သည်ဟု မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ARSA အကြမ်ဖက်အဖွဲ့များ ဝင်ရောက်တိုက်ခိုက်ပြီး ပဋိပက္ခများ ဖြစ်ပွားပြီးနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်နိုင်ခဲ့ခြင်း မရှိပေ။

ကုလသမဂ္ဂအထွေထွေညီလာခံသို့ မတက်ရောက်ဖြစ်သည့် အကြောင်းအရင်း ၄ချက်ရှိသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ရှင်းလင်းထားသည်။

NLD အစိုးရတက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် လာအိုနိုင်ငံနှင့် တရုတ်နိုင်ငံသို့ ပထမဆုံး သွားရောက်ခဲ့သည်။ ယခုနှစ် ဧပြီလကုန်ပိုင်းကလည်း ဥရောပနိုင်ငံများဖြစ်သည့် အီတလီ၊ ပြင်သစ်၊ အင်္ဂလန်နှင့် ဘယ်လ်ဂျီယံနိုင်ငံများသို့ သွားရောက်ခဲ့သေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly