မန္တလေးလေ့ကျင့်ရေးကွင်း မြက်ခင်းမကောင်းဟု ထိုင်းနည်းပြ ပြော

မန္တလေးလေ့ကျင့်ရေးကွင်း မြက်ခင်းမကောင်းဟု ထိုင်းနည်းပြ ပြော

 

အောက်တိုဘာ ၃၊ ရန်ကုန်။              ။  အောက်တိုဘာ ၅ ရက်တွင် မန္တလေးမြို့၊ မန္တလာသီရိကွင်း၌ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းနှင့် ခြေစမ်းပွဲ ကစားရန် မန္တလေးမြို့သို့ရောက်ရှိလေ့ကျင့်နေသော ထိုင်းလက်ရွေးစင်ဘောလုံးအသင်း နည်းပြချုပ် မီလိုဗန်ရာဂျီဗက်က မန္တလေးရှိ လေ့ကျင့်ရေးကွင်းမြက်ခင်းပြင်မှာ ကောင်းမွန်ခြင်းမရှိဟု ပြောခဲ့သည်။

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းနှင့်ခြေစမ်းကစားမည့်ပွဲမှာ ထိုင်းအသင်း၏ ဆားဘီးယားလူမျိုး နည်းပြ မီလိုဗန်ရာဂျီဗက်အတွက် ပထမဆုံး နိုင်ငံတကာပွဲဖြစ်ပြီး အဓိကကစားသမား အစုံအလင်ဖြင့် မြန်မာအသင်းကို ရင်ဆိုင်ရန်ပြင်ဆင်ထားသည်။ မြန်မာနဲ့ကစားမယ့်အသင်းလူစာရင်းမှာ ကစားသမား အသစ်တစ်ချို့ ပါဝင်ပါတယ်။ သူတို့ကို အချိန်ပေးဖို့လိုပေမယ့် ကစားသမားတွေ အားလုံးရဲ့ စွမ်းဆောင်ရည်ကိုတော့ ကျေနပ်ပါတယ်။ ဒေသခံ လေ့ကျင့်ရေးကွင်းရဲ့မြက်ခင်းပြင်က မကောင်းပါဘူး။ ဒါပေမယ့် ဒါက ပြဿနာမဟုတ်ပါဘူး။ ကျွန်တော်တို့က ဘယ်လိုကွင်း မြက်ခင်းပြင်မှာမဆို ရှင်သန်နိုင်အောင် ကြိုးစားရမှာပါ။ ဟု မီလိုဗန်ရာဂျီဗက်က ပြောသည်။

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းနှင့် ထိုင်းလက်ရွေးစင်ဘောလုံးအသင်းတို့ ခြေစမ်းပွဲကို အောက်တိုဘာ ၅ ရက် မြန်မာစံတော်ချိန် ၆း၃၀အချိန်တွင် မန္တလေးမြို့၊ မန္တလာသီရိကွင်း၌ ကစားမည်ဖြစ်သည်။ မြန်မာအသင်းမှာ ထိုင်းအသင်းနှင့်ခြေစမ်းကစားပြီးနောက် အောက်တိုဘာ ၁၀ရက်တွင် ကာဂျစ်စတန်အသင်းနှင့် အာရှဖလားခြေစစ်ပွဲ ကစားရမည်ဖြစ်ပြီး ထိုင်းအသင်းမှာ အောက်တိုဘာ ၈ ရက်တွင် ကင်ညာအသင်းနှင့် ခြေစမ်းပွဲ ကစားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required