ကင်မ်ဂျံုနမ် လုပ်ကြံခံရမှုနှင့်ပတ်သက်၍ အဖမ်းခံထားရသည့် အမျိုးသမီးနှစ်ဦး တရားရုံးတွင် အပြစ်မရှိကြောင်း ထွက်ဆို

ကင်မ်ဂျံုနမ် လုပ်ကြံခံရမှုနှင့်ပတ်သက်၍ အဖမ်းခံထားရသည့် အမျိုးသမီးနှစ်ဦး တရားရုံးတွင် အပြစ်မရှိကြောင်း ထွက်ဆို

အောက်တိုဘာ ၂ ။         ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ဖအေတူ မအေကွဲ အကို ကင်မ်ဂျုံနမ် ကွာလာလမ်ပူလေဆိပ်မှာ လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့စပ်လျင်း၍ ဖမ်ဆီးခံထားရသူ အမျိုးသမီးနှစ်ဦးကို မလေးရှားတရားရုံးတစ်ခုမှာ စတင် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

စစ်အေးခေတ် လုပ်ကြံသတ်ဖြတ်မှု ဆန်ဆန် ဖြစ်သွားခဲ့တဲ့ ယင်းအမှုကို မလေးရှားမှာ စတင်စစ်ဆေးခဲ့ရာမှာတော့ တရားခံများအဖြစ် စွပ်စွဲခံထားရသူ အမျိုးသမီးနှစ်ဦးက ယခုအမှုမှာ သူမတို့ လုံ့ဝအပြစ်မရှိကြောင်း တရားရုံးကို လျှောက်လဲထွက်ဆိုသွားခဲ့တယ်လို့ သိရပါတယ်။

တရားခံတွေအဖြစ် စွပ်စွဲခံထားရတဲ့ အင်ဒိုသူ ဆီသီ အိုင်စ်ရာ နဲ ဗီယက်နမ်သူ ဒေါင်သီဟွောင်း တို့ နှစ်ဦးဟာ လက်ထိပ်၊ ကျည်ကာဝတ်စုံတွေနဲ့အတူ အစောင့်အကြပ် ထူထဲစွာ ချထားတဲ့ ကွာလာလမ်ပူ မြို့ တရားရုံးကို ရောက်ရှိလာခဲ့ပါတယ်။

လွန်ခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ကွာလာလမ်ပူ လေဆိပ်မှာ ကင်မ်ဂျုံနမ် အသတ်ခံရပြီး ရက်ပိုင်းအတွင်း ၎င်းအမျိုးသမီးနှစ်ဦးဟာ မက္ကာအိုကို သွားမယ့်လေယာဉ် စောင့်ဆိုင်းနေစဉ်မှာပဲ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ယခုအမှုမှာ ကင်မ်ဂျုံနမ်ရဲ့ မျက်နှာကို VX အဆိပ်ရည်နဲ့ ပက်ပြီးသုတ်လိမ်းခဲ့ကြတယ်ဆိုပြီး ၎င်းအမျိုးသမီးနှစ်ဦးကို စွပ်စွဲထားခဲ့တာဖြစ်ပါတယ်။
အဆိပ်ရည်နဲ့ သုတ်လိမ်းခံရပြီး မိနစ် ၂၀ ခန့်မှာပဲ ကင်မ်ဟာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

အဆိုပါ အမှုကိစ္စကြောင့်လည်း မြောက်ကိုရီးယားနဲ့ မလေးရှားတို့အကြား တင်းမာမှုတွေ ပြင်းထန်ခဲ့ပြီး နှစ်ဘက် သံအမတ်ကြီးတွေကို အပြန်အလှန် နှင်ထုတ်တာမျိုးတွေထိတောင် ရှိခဲ့ပါတယ်။
ဖမ်းဆီးခံရသူ တရားခံတွေရဲ့ ရှေ့နေတွေက ပြောကြားရာမှာတော့ တကယ့်လက်သည်တရားခံစစ်စစ်တွေက မလေးရှားကနေ ထွက်ခွာသွားကြပြီဖြစ်ကြောင်း၊ အမှုရင်ဆိုင်နေရတဲ့အမျိုးသမီးတွေက အပြစ်မရှိကြဘူးဆိုတာကို တရားရုံးမှာ သက်သေပြသွားမှာဖြစ်တယ်ဆိုပြီး ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly