ဖန်တီးမှု အကြိမ် ၂၀၀ ပြည့်မြောက်ခဲ့တဲ့ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒို

ဖန်တီးမှု အကြိမ် ၂၀၀ ပြည့်မြောက်ခဲ့တဲ့ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒို

အောက်တိုဘာ ၁၀၊ စပိန် ။          ။ ရီးယဲလ်အသင်းက အက်စ်ပန်ညိုအသင်းကို ၂-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အစ္စကိုသွင်းယူခဲ့တဲ့ ပထမဂိုးကို ဖန်တီးပေးခဲ့တာကြောင့် စီရော်နယ်ဒိုဟာ သူ့ရဲ့ကစားသမားဘဝမှာ ဖန်တီးမှု အကြိမ် ၂၀၀ ပြည့်မြောက်သွားခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ ဘောလုံးသမားဘဝစတင်ခဲ့တဲ့ စပို့တင်းလစ္စဘွန်းအသင်းအတွက် ၇ ကြိမ်၊ မန်ယူအသင်းအတွက် ၅၄ ကြိမ်၊ ရီးယဲလ်အသင်းအတွက် ၁၁၂ ကြိမ်၊ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ၂၇ ကြိမ် ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။

တစ်ကိုယ်ကောင်းဆန်တယ်လို့ ဝေဖန်ပြောဆိုခံခဲ့ရတဲ့ စီရော်နယ်ဒိုဟာ သူ့ရဲ့ကစားသမားဘဝမှာ ပွဲပေါင်း ၈၇၁ ပွဲ ကစားထားပြီး ၆၁၂ ဂိုးသွင်းယူထားသူပါ။ ပေါ်တူဂီအသင်းနဲ့ ရီးယဲလ်အသင်းတို့ရဲ့ သမိုင်းမှာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို လေးကြိမ် ရရှိထားသူ ဖြစ်ပါတယ်။

စီရော်နယ်ဒိုကို ပိုင်ဆိုင်ထားရတာက ရီးယဲလ်အသင်းအတွက် ဂုဏ်ယူစရာကောင်းတယ်လို့ ရီးယဲလ်ဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်က ပြောဆိုထားပါတယ်။

ရည်ညွှန်း sportskeeda

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly