ပရီးမီးယားလိဂ်ချန်ပီယံလမ်းကြောင်းမှ လီဗာပူးလ်အသင်း လွဲချော်သွားခြင်း မရှိသေးဟု ဂျာဂင်ကလော့ပ်ပြော

ပရီးမီးယားလိဂ်ချန်ပီယံလမ်းကြောင်းမှ လီဗာပူးလ်အသင်း လွဲချော်သွားခြင်း မရှိသေးဟု ဂျာဂင်ကလော့ပ်ပြော

အောက်တိုဘာ ၂၊ အင်္ဂလန် ။           ။ နယူးကာဆယ်နှင့် တစ်ဂိုးစီသရေကျပြီးနောက် လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ်က ၎င်းတို့အသင်း ပရီးမီးယားလိဂ်ချန်ပီယံ လမ်းကြောင်းမှ သွေဖည်သွားခြင်း မရှိသေးကြောင်း ပြောဆိုလိုက်သည်။

လီဗာပူးလ်အသင်းသည် ထိုပွဲစဉ်တွင် ကော်တင်ဟို၏သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဂျိုဆီလူ၏ချေပဂိုးကြောင့် သရေကျခဲ့ရသည်။ ယခုပွဲရလဒ်ကြောင့် လီဗာပူးလ်အသင်းမှာ အမှတ်ပေးဇယားထိပ်ဆုံးမှ မန်စီးတီးနှင့် ၇ မှတ်ကွာဟသွားပြီ ဖြစ်သည်။

“ကျွန်တော်တို့မှာ ခက်ခဲတဲ့ အချိန်တွေဆိုတာ ရှိပါတယ်။ အခြားအသင်းတွေလည်း ရှိတာပါပဲ။ ကျွန်တော်တို့ ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ပဲ လိုပါတယ်။ အမှန်တကယ်စိန်ခေါ်သူတွေနဲ့ အရမ်းမဝေးဘူးလို့ ထင်ပါတယ်။

အလုပ်ကောင်းကောင်းလုပ်နိုင်မယ်ဆိုရင် ဂိုးတွေပိုသွင်းနိုင်ပြီး နိုင်ပွဲတွေပိုရလာပါလိမ့်မယ်။ ဒါဆိုရင် အမှတ်ကွာဟမှုလည်း ကျဉ်းမြောင်းလာပါလိမ့်မယ်” ဟု ကလော့ပ်က ဆိုသည်။

လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် ၇ ပွဲပြီးဆုံးချိန်တွင် ရမှတ် ၁၂ မှတ်ရရှိထားပြီး အမှတ်ပေးဇယားအဆင့် ၇ တွင် ရပ်တည်လျက်ရှိသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly