သတို့သားနှင့်သတို့သမီးတို့ အံ့အားသင့်ဝမ်းသာအောင် ဖန်တီးပေးခဲ့သည့် IU

သတို့သားနှင့်သတို့သမီးတို့ အံ့အားသင့်ဝမ်းသာအောင် ဖန်တီးပေးခဲ့သည့် IU

အဆိုတော် IU သည် သူမ၏ပရိသတ်များ၏ တောင်းဆုများပြည့်ဝအောင် ဖန်တီးပေးနိုင်ခဲ့သည်။

အသက် ၂၄နှစ်အရွယ်ရှိ အင်မ်ဟွမ်းဂျူးဟုအမည်ရသော အမျိုးသမီးလေးတစ်ဦးသည် သူမ၏အမဖြစ်သူ၏ မင်္ဂလာဆောင်သို့ အဆိုတော် IU တက်ရောက်ချီးမြှင့်ပြီး ဂုဏ်ပြုသီချင်းသီဆိုပေးရန်အတွက် Dingo Muisc ထံသို့ မေတ္တာရပ်ခံသည့် စာတစ်စောင် ရေးသားပေးပို့ခဲ့သည်။

ထို့နောက်များမကြာမီတွင် သူမ၏ဆန္ဒများ ပြည့်ဝလာခဲ့ပြီဖြစ်သည်။ အဆိုတော် IU သည် Everyday With You ဟူသော သီချင်းကိုသီဆိုပြီး မင်္ဂလာဆောင်ခန်းမအတွင်းသို့ ဝင်ရောက်လာကာ သတို့သား၊သတို့သမီးနှင့် ဧည့်ပရိသတ်အပေါင်းကို အံ့အားသင့်ဝမ်းသာအောင် ဖန်တီးပေးခဲ့သည်။

IU ၏ ချိုသာသောအသံသည် ပရိသတ်အပေါင်း၏ စိတ်နှလုံးကို ညှို့ယူနိုင်ခဲ့သလို သတို့သမီးစုံတွဲ၏ မျက်နှာ များ၌လည်း ပျော်ရွှင်ကျေနပ်မှုများ ပြည့်နှက်သွားအောင် ခြယ်သပေးနိုင်ခဲ့သည်။ သတို့သား သတို့သမီးစုံတွဲက First Love ဟူသော သီချင်းကိုနှစ်သက်ကြောင်း သိရှိချိန်တွင် IU သည် ထိုသီချင်းကို နာယွန်းကွမ်နှင့်အတူ တွဲဖက်သီဆိုပေးခဲ့သည်။

မင်္ဂလာအခမ်းအနားပြီးဆုံးချိန်တွင် အဆိုပါစုံတွဲသည် IU နှင့်အတူ တွေ့ဆုံစကားပြောခွင့်ရရှိခဲ့ပြီး IU က ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောဆိုခဲ့သည်။ ဒါ့အပြင် မင်္ဂလာလက်ဖွဲ့အဖြစ် ညအိပ်ဝတ်စုံဆင်တူ၊ ဝိုင်နှင့် ဝိုင်ပုလင်းများကို IU က လက်ဆောင်ပေးခဲ့သည်။ ထို့ကြောင့် သတို့သမီးက သူတို့စုံတွဲသည် ညအိပ်ဝတ်စုံ ဆင်တူတစ်ထည် မဝယ်ရသေးကြောင်းကို ပြောဆိုခဲ့ပြီး သူတို့လိုအပ်နေသည့်အရာကို လက်ဆောင်ပေးနိုင် သည့်အတွက် IU က ဝမ်းသာပျော်ရွှင်နေခဲ့သည်။

IU က သတို့သား၊ သတို့သမီးစုံတွဲကို မင်္ဂလာဆောင်၌ အံ့အားသင့်ဝမ်းသာသွားအောင် ဖန်တီးပေးခဲ့ပုံအား ဗီဒီယိုရိုက်ကူးထားပြီး ထိုဗီဒီယိုကို Youtube နှင့် လူမှုမီဒီယာများပေါ်သို့တင်ခဲ့ကာ အားပေးသူအများအပြား ရရှိခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required