အကြိုသဘောတူညီမှုစာချုပ် ချုပ်ဆိုပါက အပိုဆုကြေးပေါင် ၁၀ သန်းပေးမည်ဟု ဆန်းချက်ဇ်ကို ပီအက်စ်ဂျီအသင်း ကမ်းလှမ်း

အကြိုသဘောတူညီမှုစာချုပ် ချုပ်ဆိုပါက အပိုဆုကြေးပေါင် ၁၀ သန်းပေးမည်ဟု ဆန်းချက်ဇ်ကို ပီအက်စ်ဂျီအသင်း ကမ်းလှမ်း

အောက်တိုဘာ ၂၊ ပြင်သစ် ။         ။ ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းက အာဆင်နယ်တိုက်စစ်မှူး ဆန်းချက်ဇ်အား ၎င်းတို့နှင့် အကြိုသဘောတူညီမှု စာချုပ် ချုပ်ဆိုပါက အပိုဆုကြေးပေါင် ၁၀ သန်းပေးမည်ဟု ကမ်းလှမ်းလိုက်သည်။

ဆန်းချက်ဇ်မှာ ယခုနှစ်ရာသီအကုန်တွင် အာဆင်နယ်အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးတော့မည် ဖြစ်သည်။ ထို့ကြောင့် ၎င်းအနေဖြင့် ယခုနှစ်ဇန်နဝါရီအပြောင်းအရွှေ့တွင် အခြားအသင်းများနှင့် တရားဝင်ဆွေးနွေးနိုင်ပြီ ဖြစ်သည်။

ဆန်းချက်ဇ်အား မန်စီးတီးအသင်းက အလိုရှိနေသလို အေစီမီလန်အသင်းကလည်း ပေါင် ၇၅ သန်းဖြင့် လာမည့် ဇန်နဝါရီတွင် ကမ်းလှမ်းရန် အဆင်သင့် ရှိနေသည်။ ထို့ကြောင့် ပီအက်စ်ဂျီအသင်းက လက်ဦးမှု ရယူသည့်အနေဖြင့် ယခုကဲ့သို့ ကမ်းလှမ်းလိုက်ခြင်း ဖြစ်သည်။

အာဆင်နယ်အသင်းကလည်း ဆန်းချက်ဇ်ကို စာချုပ်သစ် ချုပ်ဆိုနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ ယခုအချိန်တွင် ဆန်းချက်ဇ်သည် အာဆင်နယ်အသင်း၌ ပြန်လည်ပါဝင်နေပြီဖြစ်ပြီး ဘရိုက်တန်ကို ၂-၀ ဖြင့်အနိုင်ရခဲ့သည့်ပွဲတွင်လည်း ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခဲ့သည်။

ရည်ညွှန်း အီးအက်စ်ပီအန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required