အီဂျစ်မှ မြန်မာသံရုံးကို Hasm စစ်သွေးကြွအဖွဲ့ ဖောက်ခွဲတိုက်ခိုက်

အီဂျစ်မှ မြန်မာသံရုံးကို Hasm စစ်သွေးကြွအဖွဲ့ ဖောက်ခွဲတိုက်ခိုက်

ရခိုင်တွင် ဘင်္ဂလီအကြမ်းဖက်သမားများအား စစ်တပ်၏ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခြင်းကို တုံ့ပြန်သည့် အနေဖြင့် အီဂျစ်ရှိ မြန်မာသံရုံးတွင် အသေးစားဖောက်ခွဲတစ်ရပ် ဖြစ်ပွားခဲ့ခြင်းက ၎င်းတို့၏ တိုက်ခိုက်ခဲ့မှုဖြစ်ကြောင်း Hasm စစ်သွေးကြွအဖွဲ့က အောက်တိုဘာ ၁ ရက်တွင် အတည်ပြုပြောသည်။

ဒေသခံများနှင့် ဌာနေမီဒီယာများက ပျက်စီးထိခိုက် ဒဏ်ရာရမှုများ ရှိထားနိုင်သည်ဟု  ဆိုကြသည့် အဆိုပါ မြန်မာသံရုံး အသေးစားပေါက်ကွဲမှုနှင့် ပတ်သက်ပြီး အီဂျစ်ပြည်ထဲရေးဝန်ကြီးဌာနက ထင်မြင်ချက် မပေးသေးပေ။

တရားသူကြီးများ၊ ရဲများကို ပစ်မှတ်ထား တိုက်ခိုက်သည်ဟု အပြစ်ဆိုခံရလေ့ရှိသော Hasm အဖွဲ့အနေဖြင့် အရပ်သားပစ်မှတ် တစ်ရပ်အား တိုက်ခိုက်ခဲ့မှုနှင့် ပတ်သက်ကာ  ၎င်းတို့ ကျုးလွန်ခြင်း ဖြစ်ကြောင်းကို ပထမဆုံး အတည်ပြုကြေညာလာခြင်းလည်း ဖြစ်သည်။

"တိုက်ခိုက်မှုအတွင်း အပြစ်မဲ့ အရပ်သားများ ထိခိုက်မှု မရှိဟု ကျွန်တော်တို့ လုံးဝနီးပါး ကျိန်းသေကြောင်း။" Hasm အဖွဲ့က ထုတ်ပြန်သည်။

ပေါက်ကွဲမှုနှင့် ပတ်သက်ကာ မြန်မာသံရုံးက  ထင်မြင်ချက် မပေးသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required