ကက်တလန်ပြဿနာကြောင့် စပိန်လက်ရွေးစင်အဖြစ်မှ နားနိုင်ကြောင်း ဘာစီလိုနာနောက်ခံလူ ပီကေးပြော

ကက်တလန်ပြဿနာကြောင့် စပိန်လက်ရွေးစင်အဖြစ်မှ နားနိုင်ကြောင်း ဘာစီလိုနာနောက်ခံလူ ပီကေးပြော

အောက်တိုဘာ ၂၊ စပိန် ။           ။ ကက်တလန်ဒေသလွတ်မြောက်ရေးကြိုးပမ်းမှု ပြဿနာကြောင့် စပိန်လက်ရွေးစင်အဖြစ် အနားယူနိုင်ကြောင်း ဘာစီလိုနာနောက်ခံလူ ပီကေးက ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စပိန်အစိုးရက ကက်တလန်ဒေသလွတ်မြောက်ရေးအလိုရှိသူတွေကို အကြမ်းဖက်ဖြိုခွင်းမှု ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီပြဿနာကြောင့် ဘာစီလိုနာနဲ့ လက်စ်ပါးမက်စ်တို့ရဲ့ပွဲကို တံခါးပိတ်ကစားခဲ့ရပါတယ်။

ဘာစီလိုနာအသင်းက လက်စ်ပါးမက်စ်နဲ့ပွဲကို ရွှေ့ဆိုင်းဖို့တောင်းဆိုခဲ့ပေမယ့် ဘောလုံးအဖွဲ့ချုပ်က ခွင့်မပြုတာကြောင့် နူးကမ့်ကွင်းကို တံခါင်းပိတ်ပြီး ကစားဖို့ ဘာစီလိုနာအသင်းက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ရဲ့ပရိသတ်တွေမပါပဲ ကစားရတာက တကယ်ကို ခက်ခဲပါတယ်။ ကစားသမားဘဝမှာ အဆိုးရွားဆုံး အတွေ့အကြုံပါပဲ။

ကျွန်တော်ဟာ ကက်တလန်သားတစ်ယောက်ဖြစ်ပြီး ကက်တလန်ဒေသလွတ်မြောက်ရေးကို အလိုရှိသူဖြစ်ပေမယ့် စပိန်အသင်းအတွက် ဆက်လက်ကစားပေးနိုင်ပါတယ်။ ဒါပေမဲ့ စပိန်နိုင်ငံထဲက လူအများစုက ကက်တလန်ဒေသ လွတ်မြောက်ရေးနဲ့ပတ်သက်ပြီး သဘောမတူကြပါဘူး။ စပိန်နည်းပြ ဒါမှမဟုတ် စပိန်ဘောလုံးအဖွဲ့ချုပ်က ကျွန်တော်ဟာ ပြဿနာလို့ ထင်မြင်လာရင်တော့ ကျွန်တော်စပိန်ကစားသမားဘဝက အနားယူနိုင်ပါတယ်” လို့ ပီကေးက ပြောဆိုခဲ့ပါတယ်။

ဘာစီလိုနာနဲ့ လက်စ်ပါးမက်စ်တို့ရဲ့ပွဲစဉ်ကို တံခါးပိတ်ကစားခဲ့တာကြောင့် ပွဲကြည့်ဖို့ ကွင်းအပြင်မှာ စောင့်ဆိုင်းနေခဲ့တဲ့ ထောင်ပေါင်းများစွာသော ဘာစီလိုနာပရိသတ်တွေဟာ စိတ်ပျက်စွာနဲ့ အိမ်ပြန်ခဲ့ရပါတယ်။ ဒီပွဲစဉ်မှာ ဘာစီလိုနာက မက်ဆီနဲ့ဘက်စ်ကွက်တို့ရဲ့သွင်းဂိုးတွေနဲ့ လက်စ်ပါးမက်စ်ကို ၃-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required