မိုးဟေကိုနဲ့ သင်ဇာဝင့်ကျော်ပြေလည်ပြီး ရွှေရုပ် ရုပ်ရှင်ကားကို ဆက်လက်ရိုက်ကူးမည်

မိုးဟေကိုနဲ့ သင်ဇာဝင့်ကျော်ပြေလည်ပြီး ရွှေရုပ် ရုပ်ရှင်ကားကို ဆက်လက်ရိုက်ကူးမည်
ဓာတ်ပုံ-သူရ/မဇ္ဈိမ
 

အောက်တိုဘာ ၂ ။          ။ ထုတ်လုပ်သူ မိုးရုပ်ရှင်ထုတ်လုပ်ရေး ၊ ဒါရိုက်တာ စတီးလ်နဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်တို့ ပြန်လည်ပြေလည်သွားပြီဖြစ်တာကြောင့် ရွှေရုပ် ရုပ်ရှင်ကားကို ဆက်လက်ရိုက်ကူးမယ်လို့ ဆိုပါတယ်။

ရွှေရုပ် ရုပ်ရှင်ကားနဲ့ ပတ်သက်ပြီး ထုတ်လုပ်သူ၊ ဒါရိုက်တာနဲ့ သရုပ်ဆောင် (၃)ဦးတို့ အကြားက ပြဿနာတွေ ပြေလည်သွားဖြစ်ပြီး ဒီပြဿနာတွေကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက နာယက ပန်းချီစိုးမိုးက ဦးဆောင်ပြီး တစ်ယောက်ချင်းစီကို ခေါ်ယူမေးမြန်းပြီးနောက် ကြားဝင်ညှိနှိုင်းပေးခဲ့တာဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ ဒါရိုက်တာဖြစ်သူ စတီးလ်က သရုပ်ဆောင် သင်ဇာဝင့်ကျော်ကို ရိုက်ကွင်းမှာ အော်ခဲ့သလို ဖြစ်သွားတဲ့အတွက် တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ အောက်တိုဘာ(၂)ရက်နေ့ ရန်ကုန်မြို့ ရုပ်ရှင်အစည်းအရုံး၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ရန် မနက် ၉ နာရီကို နှစ်ဘက်လုံးချိန်းဆိုထားခဲ့သော်လည်း မိုးဟေကိုမှာ မနက် ၁၀ နာရီတွင် ရုပ်ရှင်အစည်းအရုံးသို့ ရောက်ရှိလာခဲ့ပြီး သင်ဇာဝင့်ကျော်က  မရောက်ရှိသေးသည့်အတွက် ယနေ့ နေ့လည် ၃နာရီသို့ ပြောင်းရွေ့ချိန်းဆိုခဲ့ကြတာပါ။

သဉ္ဖာဝင့်ကျော်က  မိုးရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးသော ရုပ်ရှင်တွင် သရဲနေရာမှ ပါဝင်သရုပ်ဆောင်ရမည် ဖြစ်ပြီး မျက်နှာတွင် စီလီကွန်မျက်နှာဖုံး တပ်ကာ ရိုက်ကူးရတာဖြစ်ပြီး  မျက်နှာဖုံးတပ်ဆင်ရိုက်ကူးရာတွင် အဆင်မပြေဖြစ်ခဲ့ကာ သင်ဇာဝင့်ကျော်ဘက်မှ ဆက်လက်ရိုက်ကူးရန် ငြင်းဆို၍ စာချုပ်ကို ဖျက်သိမ်းခဲ့ပါတယ်။

ဒါကြောင့် မိုးရုပ်ရှင်ထုတ်လုပ်ရေးမှ သင်ဇာဝင့်ကျော်အား စာချုပ်အရ ရူတင်စရိတ်နှင့် စရံငွေသုံးဆကို ပြန်လည်ပေးလျော်ခိုင်းခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly