အာမီယန်နှင့်လိုင်လီတို့၏ ပွဲတွင် ပွဲကြည့်စင်ပြိုကျပြီး လေးဦးဒဏ်ရာပြင်းထန်

အာမီယန်နှင့်လိုင်လီတို့၏ ပွဲတွင် ပွဲကြည့်စင်ပြိုကျပြီး လေးဦးဒဏ်ရာပြင်းထန်

အောက်တိုဘာ ၁၊ ပြင်သစ် ။           ။ ပြင်သစ်လိဂ်ပွဲစဉ်တစ်ပွဲဖြစ်သော အာမီယန်နှင့်လိုင်လီတို့၏ပွဲတွင် ပွဲကြည့်စင်ပြိုကျခဲ့မှုကြောင့် ပရိသတ် ၂၆ ဦးဒဏ်ရာရရှိခဲ့ပြီး ၄ ဦးမှာ ဒဏ်ရာပြင်းထန်စွာရခဲ့ကြသည်။

ထိုအဖြစ်အပျက်ကြောင့် ပွဲကို ရပ်နားခဲ့ပြီး ဒဏ်ရာရရှိသူများကို အရေးပေါ်ပြုစုကုသမှုများ ပြုလုပ်ခဲ့ကြသည်။ ထိုသတင်းမှာ မှန်ကန်ကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူများက အတည်ပြုခဲ့သည်။

ပြင်းထန်စွာဒဏ်ရာရရှိခဲ့သူများမှာ ဧည့်သည် လိုင်လီအသင်း၏ပရိသတ်များဖြစ်သည်။ အာမီယန်အသင်းတာဝန်ရှိသူများက ယခုကိစ္စနှင့် ဒဏ်ရာရရှိခဲ့သည့် ပရိသတ်များ၏ကျန်းမာရေးအတွက် အပြည့်အဝတာဝန်ယူပါကြောင်း ကြေညာခဲ့သည်။

လိုင်လီအသင်းဥက္ကဋ္ဌသည် ယနေ့(တနင်္ဂနွေနေ့)တွင် ဒဏ်ရာရရှိသည့် ပရိသတ်များထံသို့ သွားရောက်ကြည့်ရှုအားပေးမည် ဖြစ်သည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required