တေးရေး/တေးဆို ထပ်ဆင့် အကယ်ဒမီ ဓီရာမိုရ် နှင့်တွေ ့ဆုံခြင်း အပိုင်း(၃)

တေးရေး/တေးဆို ထပ်ဆင့် အကယ်ဒမီ ဓီရာမိုရ် နှင့်တွေ ့ဆုံခြင်း အပိုင်း(၃)

 

မေး ...  Music Producer နဲ့ပတ်သက်လို ့မြန်မာပြည်မှာ အင်မတန်နည်းတာ တွေ့ရပါတယ် ။ အစ်ကိုအပါအဝင် ၃ယောက် ၄ယောက်ပဲတွေ့ဖူးသေးတော့ ဒါကဘယ်လိုဖြစ်လို့လဲပေါ့နော် နိုင်ငံတကာမှာက ရှိတယ်လေ ။ ဒီမှာ တိုးတက်ဖို့ အစ်ကို့ အနေနဲ့ ဘယ်လို အကြံပေးချင်ပါသလဲ။

ဖြေ ...   အဓိက မြန်မာဖက်ကို ဂီတတွေကူးလာတယ် အပေါ်ယံတွေများတယ်။ အဲဒီဂီတ တစ်ခုဖြစ်ဖို့ သူတို့ ဘယ်လိုစနစ်တကျလုပ်ခဲ့လဲဆိုတာပါမလာဘူး ။ ဒီဖက်ကို မပါလာတော့ ထုံးစံတိုင်း ကိုယ့်နည်း ကိုယ့်ဟန်နဲ့ လုပ်ကြတယ်ပေါ့ ။ ကိုယ်တွေ စီးရီး လွန်ခဲ့တဲ့ နှစ်၂၀ လောက်က စလုပ်တဲ့ အချိန်၊ အတွေ့အကြုံနဲ့ တောက်လျှောက်ပြောမယ်ဆိုရင် သီချင်းတစ်ပုဒ်ကို Band တွေက Arrangement လုပ်တယ် ။ တချို ့ တေးရေးဆရာက ကျွန်တော်ဒါလေးလိုချင်တယ်ပြောတယ် ။ များသောအားဖြင့် Band တွေက Chord တွေထည့်တယ် ။ ဖရိန်တွေ ခွဲတယ် ။ တီးလိုက်တယ် ပြီးရင် ဆိုတဲ့သူက ဆိုတယ် ။ အဲဒီတော့ ဒီဟာရဲ့ အနုပညာအရည်အသွေးကို တာဝန်ယူတာက တီးဝိုင်းနဲ့ အဆိုပေါ့။ ညှိပြီး လုပ်ကြတယ် ။ ဒါပေမယ့်သူတို့ ဆီမှာကျတော့ ဟိုးအရင်ကတည်းက Music တစ်ခုကို ဘယ်သူရေးတဲ့ သီချင်းလဲ ။ အဲ့သီချင်းကို ဘယ်လိုပရိသတ်က နားထောင်မှာလဲ ။ ဒါကြီးကို နားထောင်ဖို့အတွက် ဘယ်လိုပြင်ဆင်မှာလဲ ။ ဘယ်သူနဲ့တီးမလဲ ။ ဘယ် Studio မှာ အသံသွင်းမလဲ ။  ဘယ်လိုကွာလတီဖြစ်အောင်လုပ်မလဲ ။ အဲ့လို အသေးစိတ်သူတို့က လုပ်လာတာ ။ အဲ့ဒါသူတို့ လုပ်နေကြ အတိုင်း ဟိုးတုန်းတည်းက။ ဒီမှာက ခုနပြောသလို ဆိုတော့ ဒီမှာက Music Producer အတွက် နေရာမရှိဘူး ။ ကိုယ့်ရဲ ့အတွေ့ကြုံက ဂီတလောကထဲကို ဝင်ချင်တာက ခုနပြောသလို ...  Music Arrangement လုပ်ချင်တယ် ။ Music Producer ဆိုတဲ့ဟာ အဲ့ ဒီအချိန်တုန်းက ကိုယ်တွေတောင်မသိပါဘူး .. Music Producer ဆိုတာ အဲဒီတော့ Band  တွေကိုညှိတယ်။ ညှိဖို့ ကြိုးစား တယ်ပေါ့နော်။ အစ်ကိုတို့တီးပဲတီးပေး Note တွေ ကျွန်တော်ရေးပေးမယ် ဆိုတော့ အဲ့ဒီ Space မရှိဘူး။ မရဘူး အဲ့ဒါက မလိုဘူးလေ ။ Band ကသူ့ဟာသူလုပ်လို့ရနေတာပဲလေ ။ Band ထဲမှာလဲ ထူးခွျှန်တဲ့  သူတွေရှိတာပဲလေ ။ အဲ့နည်းနဲ့ အဲ့ဒီ Space က မရဘူး ။ ဖန်တီးလို့မရခဲ့ဘူး ဒါပေမယ့် မလျှော့ဘူး။  ကိုယ့်အခွေကို အဲ့လိုပုံစံမျိုးလုပ်တယ် ။ လိုချင်တဲ့အသံ Arrangement အကုန်လုပ်တယ်။ အဲ့ လို ကြိုးစားတဲ့ အချိန်ကနေ နောက်ထပ် ၁၀နှစ် နီးပါးလောက်ဖြစ်လာတဲ့အခါ Space  တစ်ခုရလာတယ် ။ အခုတော့ နည်းနည်းလေး သိလာကြတယ် ။ Music Producer ဆိုတာကို ဂီတ လောကထဲမှာ ဒါပေမယ့်  ထွန်းကားသလားဆိုတော့ မထွန်းကားသေးဘူး ။ ပရိသတ်ကတော့ တီးတဲ့သူနဲ့ ဆိုတဲ့သူ ရှိရင်ပြီးတာပဲထင်မှာပေါ့။ ဘာလို လို့လဲပေါ့။ အဲ့ဒီ ရိုးရာကတော့ လွှမ်းမိုးထားတုန်းပေါ့ နော် ။

မေး ... နောက်တခုက အစ်ကို့အကြောင်းလေးမေးချင်ပါတယ် အစ်ကို့အနေနဲ့ ဂီတ ပညာရပ်မှာ ထူးခွျှန်တဲ့ လူတယောက်ဖြစ်သလို အကယ်ဒီဆိုလဲ ထပ်ဆင့်ရတဲ့ထိပေါ့။ ကျောင်းမှာဆိုလဲ တပည့်တွေအများကြီးနဲ့ ။ ခုနေထိုင်နေရတဲ့ ဘဝကိုကျေနပ်ပြီလား ။ နောက်ထပ်ဘာတွေဆက်လုပ်ဖို့ ရှိလဲ။

ဖြေ ... ကျွန်တော် ဒီကျောင်းလာတက်တဲ့အသက် ၂၀ လောက်ထဲက တော်တော်လေး စဉ်းစားထားပါတယ် ။ ဘ၀ တလျှောက်လုံးအတွက်ပေါ့ ။ ဘယ်လို လူမျိုးဖြစ်အောင်လုပ်မလဲ။ ဘယ်လို ဘဝမှာရပ်တည်မလဲ ဆိုတဲ့ Plan ကို အမြဲချထားပြီးသား။  ၅နှစ်ကနေ နှစ်၂၀ ဘာဖြစ်ရမယ် ဆိုတာပေါ့ ။ အိမ်မက်ရဲ့ Plan နဲ့ ဖြည်းဖြည်းနဲ့ မှန်မှန်ပေါ့။ လျှောက်လာတဲ့ခရီးမှာ ခုချိန်ထိတော့  ကို့ ကိုယ့်ကိုမကျေနပ်တာ မရှိပါဘူး ။ တောက်လျှောက် လုပ်လာသမျှ ကျေနပ်တယ် ။ ဒါပေမယ့် ဒါပဲလားဆိုရင်တော့ မဟုတ်သေးဘူး ။ အိမ်မက်တွေ အများကြီးကျန်နေသေးတယ်ပေါ့နော် ။ ဆက်လုပ်ရမှာတွေလဲ အများကြီး ၊ Plan လည်း အများကြီးရှိသေးတယ် ။ မရောက်ရောက်အောင် သွားရမှာပေါ့နော် ။

မေး ... အစ်ကို ဆိုခဲ့တဲ့သီချင်းတွေနားထောင်တဲ့အခါ ရိုးရာသံလေးတွေတွေ့ရတယ်။ ကျေးလက်အရသာလေးတွေပါတယ် ။ အိမ်လို သီချင်းမျိုးပေါ့ ။ လူတွေက ဒါကို တော်တော် အစပ်အဟပ်တည့်တယ်ပေါ့နော် နောက်ထပ် အကို့အနေနဲ့အဲ့   လိုသီချင်းမျိုးလေးတွေ ဆက်လုပ်သွားဦးမှာလား ...။

 ဖြေ ... သီချင်းကတော့ လုပ်ဖြစ်ပါတယ် ..အိမ် တို့ဘာတို့ပါတာကတော့ ဒုတိယအခွေပေါ့ ပထမအခွေကတော့ ၂၀၀၀ ခုနှစ်က တော်တော်စောပါတယ် ..ဒုတိယက ၂၀၀၈ န ဲ့ တတိယခွေက ၂၀၁၁မှာထွက်တယ် စတုတ္ထအခွေက ၂၀၁၆မှာဆိုတော့ ဆက်တိုက်တော့ထွက်ဖြစ်နေပါတယ် ။ မတူတာက ဘာလဲဆိုတော့ ဒါကြီးကို ပေါ်ပြူလာဖြစ်မယ့် ဈေးကွက်အရ  တွန်းပို့တာထက်စာရင် သမိုင်းတစ်ခုကို ရေး  ရေးသွားတာ ဒီအသက်အရွယ်မှာ ဒီအခွေလုပ်ခဲ့တယ် ။ ဒီအသက်ရွယ်မှာ ဒါလုပ်ခဲ့တယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲနေတာပေါ့ ။ ပရိုဖိုင်းကို သိပ်ပြီးတော့ လူသိများအောင် လုပ်တာမဟုတ်တာပေါ့နော်။ ဖန်တီးတာကတော့ ဖန်တီးနေပါတယ် ။ ခုလက်ရှိ Circle ဆိုတဲ့ Idea နဲ့ လည်ပတ်တယ်ပေါ့နော် ။ ကျေးဇူးတရား တွေနဲ့ လည်ပတ်တယ်ပေါ့။  ကမ္ဘာကြီးမှာ အများကြီး ကွန်နရှင်ဆိုတာ လည်ပတ်နေပါတယ် ။ အဲ့ ဒီပုံစံမျိုး သီချင်းလေးတွေလုပ်နေပါတယ် ..။                                      

မေး ... ဟုတ်ကဲ့ နောက်ဆုံးနေနဲ့ ဒီအစီစဉ်ကို ကြည့်နေတဲ့ ပရိသတ်ကို ဘာများ လက်ဆောင် စကားလေး ပါးချင်ပါလဲ ..။

ဖြေ ... ကျွန်တော်ကတော့ ဂီတ အနုပညာ ယာဉ်ကျေးမှု ကိုအခြေခံတယ်ပေါ့ နောက်ပိုင်းမှာ ပိုပြီးတော့သိလာလေ .. လုပ်စရာတွေ ပိုများလာလေပေါ့နော် လက်ရှိတော့ သေသေချာချာလေး ခွဲခြားပြီးတော့ သွားနေပါတယ် တခုကတော့ အိမ်မက်ပေါ့ ကိုလုပ်ချင်တဲ့ ငယ်အိမ်မက်တွေ အနုပညာဖန်တီးချင်တယ် အာတွေအရမ်းဖြစ်တယ်  တခုကကျတော့ သူများတွေနဲ့ တွဲပြီး အလုပ်လုပ်တယ် ။ ကိုယ့်ရဲ ့ အတ္တတွေကို လျှော့ပြီး  ပညာကို ပဲ ထုတ်ပြီး သူများတွေနဲ့ ပေါင်းပြီးလုပ်တယ် ။  ကြိုးစားတယ် ။ လူ့သက်တမ်းဆိုတာလည်း တိုတိုလေးပါ ။ တကယ့် တကယ်တော့ နှစ်တွေက ဘယ်လို ကုန်မှန်းတောင်မသိပါဘူး ။ အဲ့ဒီကာလမှာ ဂီတကို အခြေပြု ရပ်တည်ခဲ့တဲ့လူတစ်ယောက်အနေနဲ့ ဘာကိုအကောင်းဆုံးတွေးမလဲ ၊ လုပ်မလဲ ၊ ချန်မလဲ ပေါ့။ အဲ့ ဒါကို တော့သေချာလုပ်နေပါတယ် ။  ရှိတဲ့အင်အား ၊ ရတဲ့ အင်အားနဲ့ ကြိုးစားနေပါတယ်။

မေး ...  အခုလို မအားလပ်တဲ့ကြားကနေ စိတ်ရှည်လက်ရှည် ဖြေကြားပေးတဲ့အတွက် ကျေးဇူးအထူးပဲတင်ပါတယ် ခင်ဗျ

ဖြေ ... ကျွန်တော်ကလည်း ကျေးဇူးတင်ပါ ခင်ဗျ ... ။    

  အပိုင်း (၁)ကို အောက်ပါလင့်တွင် ကြည့်ရှုနိုင်ပါသည် - http://mizzimaburmese.com/article/32357

အပိုင်း (၂)ကို အောက်ပါလင့်တွင် ကြည့်ရှုနိုင်ပါသည်http://www.mizzimaburmese.com/article/32625

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly