အမှတ်ပေးပြိုင်ပွဲတွင် တန်းဆင်းဇုန်မှ ဟံသာဝတီ၊ ရခိုင်တို့ အဆင့် ၈ နှင့် ၉ အသင်းများနှင့် တွေ့ဆုံနေ

အမှတ်ပေးပြိုင်ပွဲတွင် တန်းဆင်းဇုန်မှ ဟံသာဝတီ၊ ရခိုင်တို့ အဆင့် ၈ နှင့် ၉ အသင်းများနှင့် တွေ့ဆုံနေ

ရန်ကုန်၊ သြဂုတ် ၁၄ ။       ။ ၂၀၁၅ အူရီဒူး မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁၅ ပွဲစဉ်များကို သြဂုတ် ၁၅၊ ၁၆ ရက်များတွင် ဆက်လက်ကစားမည်ဖြစ်ပြီး ပွဲစဉ် ၁၅ တွင် တန်းဆင်းဇုန်အတွင်း ရောက်ရှိနေ သော ဟံသာဝတီ၊ ရခိုင်ယူနိုက်တက်အသင်းများမှာ အဆင့် ၈ နှင့် အဆင့် ၉ နေရာတို့မှ အသင်းများနှင့် တွေ့ဆုံနေသည်။

၁၄ ပွဲစီကစားပြီးချိန်တွင် ရမှတ် ၈ မှတ်စီဖြင့် တန်းဆင်းဇုန် အဆင့် ၁၁၊ ၁၂ နေရာများတွင် ရပ်တည်နေသော ဟံသာဝတီအသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့သည် ဘောလုံးရာသီကုန်တွင် တန်းဆင်း ရန် နီးစပ်နေသည်။ သို့သော် ပွဲစဉ် ၁၅ တွင် ဟံသာဝတီအသင်းမှာ အဆင့် ၉ နေရာမှ ဇေယျာရွှေမြေ၊ ရခိုင်ယူနိုက်တက်အသင်းမှာ အဆင့် ၈ နေရာမှ ဇွဲကပင်အသင်းတို့ နှင့် တွေ့ဆုံနေ သဖြင့် အမှတ်ရ ယူနိုင်ဖွယ် ရှိနေသည်။ ပွဲစဉ် ၁၅ အခြားပွဲစဉ်များအဖြစ် မနောမြေအသင်းနှင့် ရန်ကုန် ယူနိုက်တက်အသင်း၊ နေပြည်တော်အသင်းနှင့် ကမ္ဘောဇအသင်း၊ ရတနာပုံအသင်းနှင့် ချင်းယူနိုက် တက်အသင်းတို့ ကစားကြမည် ဖြစ်သည်။

ပုသိမ်မြို့၊ ကျောက်တိုင်ကွင်းတွင် ကစားရန် စီစဉ်ထားသော ဧရာဝတီအသင်းနှင့် မကွေးအ သင်းတို့ပွဲစဉ်ကို လာမည့် အောက်တိုဘာ ၂၈ ရက်သို့ ပြောင်းရွှေ့ထားသည်။ ၂၀၁၅ အူရီဒူးမြန်မာနေရှင်နယ် လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဖြစ်ရန် ရန်ကုန်ယူနိုက်တက် တစ်သင်းတည်း သာ ရေပန်းစားနေသည်။ သို့သော် ဘောလုံးရာသီအကုန်၌ လိဂ်-၂ ပြိုင်ပွဲသို့ တန်းမဆင်းရရန် ချင်းယူနိုက်တက် ၊နေပြည်တော်၊ ဇွဲကပင်၊ ဇေယျာရွှေမြေ၊ မနောမြေ၊ ဟံသာဝတီနှင့် ရခိုင်ယူနိုက် တက် စသည့် အသင်းခုနစ်သင်းထိ အကြိတ်အနယ် ရုန်းကန်ရဖွယ်ရှိနေသည်။

အူရီဒူးမြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၅ ပွဲစဉ်များ

၁၅-၈-၂၀၁၅    မနောမြေ  -     ရန်ကုန်ယူနိုက်တက်   (ညနေ ၄း၀၀)   အောင်ဆန်း
၁၅-၈-၂၀၁၅    ဟံသာဝတီ  -   ဇေယျာရွှေမြေ           (ညနေ ၄း၀၀)   သုဝဏ္ဏ
၁၆-၈-၂၀၁၅    နေပြည်တော် - ကမ္ဘောဇ                  (ညနေ ၄း၀၀)   နေပြည်တော်
၁၆-၈-၂၀၁၅    ရတနာပုံ  -      ချင်းယူနိုက်တက်        (ညနေ ၄း၀၀)   ဗထူး
၁၆-၈-၂၀၁၅    ဇွဲကပင်  -        ရခိုင်ယူနိုက်တက်       (ညနေ ၄း၀၀)   သုဝဏ္ဏ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly