ရီးယဲလ်အသင်းဟာ လူငယ်ကွင်းလယ်ကစားသမား မာကို့ အဆန်စီယိုကို ၂၀၂၃ ခုနှစ်အထိ သက်တမ်းတိုး စာချုပ်,ချုပ်ဆိုလိုက်ပြီး ယူရိုသန်း ၅၀၀ တန် ကမ္ဘာ့စံချိန်တင် လျော်ကြေးစာချုပ်လည်း ထည့်သွင်းချုပ်ဆိုခဲ့ကြောင်း လက်ရှိလာလီဂါချန်ပီယံအသင်းက ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။
အဆန်စီယိုဟာ ပြီးခဲ့တဲ့ရာသီက ရီးယဲလ်အသင်းကို ပြန်လည်ရောက်ရှိခဲ့ပြီး ၃၈ ပွဲ ပါဝင်ကစားကာ ၁၀ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။
ရီးယဲလ်အသင်းဟာ မကြာသေးမီက နည်းပြဇီဒန်းကို စာချုပ်သစ်ချုပ်ဆိုထားသလို အစ္စကို၊ မာဆယ်လို၊ ကာဗာဂျယ်၊ ဘန်ဇီမာ၊ ဗာရန်း၊ လူကာ မိုဒရစ်နှင့် တိုနီခရူစ်တို့ကို စာချုပ်သစ်ချုပ်ဆိုထားပြီးဖြစ်ပါတယ်။
အဆန်စီယိုဟာ သောကြာနေမှာ စန်တီယာဂိုဘာနေဗျူးကွင်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမှာဖြစ်တယ်လို့ ကလပ်အသင်းအရ သိရပါတယ်။
Ref; EFE_EPA