သတင်းထောက်များအတွက် အန္တရာယ်များလှသည့် မက္ကဆီကိုတွင် ဂျာနယ်လစ်အပါ အဝင် လူ ၆ ဦး အသတ်ခံရ

သတင်းထောက်များအတွက် အန္တရာယ်များလှသည့် မက္ကဆီကိုတွင် ဂျာနယ်လစ်အပါ အဝင် လူ ၆ ဦး အသတ်ခံရ
သြဂုတ် ၂ ရက်က ဂျာနယ်လစ်များသည် အသတ်ခံရသည့် ဓာတ်ပုံသတင်းထောက် ရူဘင် အက်စ်ပီနိုဆာ၏ ဓာတ်ပုံကို ကိုင်ဆောင်၍ ဗီရာခရုဇ်ပြည်နယ်အုပ်ချုပ်ရေးမှူး ဇေဗီရာ ဒူအာတီအား ဆန္ဒပြနေကြစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

သတင်းထောက်များအတွက် နိုင်ငံအတွင်း အန္တရာယ်အများဆုံးနေရာဟု ဖော်ပြလေ့ရှိသည့် မက္ကဆီကိုတောင်ပိုင်း ဗီရာခရုဇ်ပြည်နယ်တွင် ဂျာနယ်လစ်တစ်ဦးနှင့် အခြား လူ ၅ ဦး အသတ်ခံခဲ့ရ သည်ဟု ပရက်စ်တီဗီသတင်းအရ သိရှိရသည်။ ဂျာနယ်လစ် ဂျူအန်ဆန်တို့ ကာရီးရားမှာ သတင်းရုပ် သံလိုင်း Telever အတွက် ဗီရာခရုဇ်တွင် အလုပ်လုပ်နေခြင်းဖြစ်သည်။

ဆန်တို့မှာ သြဂုတ်လ ၁၃ ရက် နံနက်စောစောအချိန်တွင် ပွဲတစ်ပွဲသို့ ရောက်ရှိနေခိုက် လက်နက်ကိုင်တိုက်ခိုက်သူများက သူ အပါအဝင် ဘားရှိ အခြားသူများကိုပါ ပစ်ခတ်သတ်ဖြတ်သွား ခဲ့ခြင်းပင်ဖြစ် သည်။

သေဆုံးသူများထဲတွင် ရာဇဝတ်ဂိုဏ်း လော့စ်ဇီတာ၏ ဒေသတွင်းခေါင်းဆောင် တစ်ဦး ဖြစ်သည့် ဂျို့စ်မားကွတ် ဘောဒရက်စ်လည်း ပါဝင်နေပြီး ၎င်းကို အဓိက ပစ်မှတ်ထား၍ တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း ဗီရာခရုဇ်ပြည်နယ်အစိုးရက ပြောကြားသော်လည်း တိုက်ခိုက်မှုကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည့် အခြားဂျာနယ်လစ်များကမူ ဆန်တို့ကို အဓိက ပစ်မှတ်ထား တိုက်ခိုက် သည်ဟု ယုံကြည်နေကြသည်။

ဆန်တို့က စားပွဲဝိုင်းတစ်ခုတွင် အခြားလူနှစ်ယောက်နှင့် စကားပြောနေစဉ် လက်နက်ကိုင် လူ ၅ ဦး ဘားအတွင်းသို့ ရောက်ရှိလာပြီး ၎င်းတို့၏ စားပွဲဝိုင်းသို့ တန်းတန်းမတ်မတ် သွားရောက်ခဲ့သည် ဟု ဆိုသည်။ တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် နယ်မြေမှာ မက္ကဆီကိုတွင် မှုခင်းသတင်းများ ရယူသည့် သတင်းထောက်များကြားတွင် နာမည်ကြီးသည့် နေရာတစ်ခုဖြစ်သည်ဟု ဆိုသည်။

ယခုလက်ရှိတွင် တိုက်ခိုက်မှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် သတင်းထောက်နှစ်ဦးကို ဗီရာ ခရုဇ်မြို့တွင် အစိုးရက ကာကွယ်ပေးထားသည်ဟု ဆိုသည်။ ဇေဗီရာ ဒူအာတီ အုပ်ချုပ်ရေးမှူး ဖြစ် လာသည့် ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် ဆန်တို့မှာ ဗီရာခရုဇ်တွင် အသတ်ခံရသည့် ၁၄ ယောက် မြောက် သတင်းထောက် ဖြစ်သည်။

လွန်ခဲ့သည့်လကလည်း ဓာတ်ပုံသတင်းထောက် ရူဘင် အက်စပီနိုဆာမှာ အသက်အန္တရာယ်  ခြိမ်းခြောက်သည့်စာကို လက်ခံရရှိခဲ့ပြီးနောက် ဗီရာခရုဇ်မှ ထွက်ပြေးခဲ့သော်လည်း မက္ကဆီကိုစီးတီး တွင် အသတ်ခံခဲ့ရသည်။

ရူဘင်ကို ဗီရာခရုဇ်မှ ထွက်ပြေးလာသည့် လူမှုရေးတက်ကြွ လှုပ်ရှားသူတစ်ဦး အပါအဝင် အခြားလူ ၄ ဦးနှင့်အတူ တိုက်ခန်းတစ်ခန်းတွင် သေဆုံးနေသည်ကို တွေ့ရှိရပြီး ၅ ယောက်စလုံး မှာ နှိပ်စက်ညှဉ်း ပန်းခံရသည့် ဒဏ်ရာများနှင့် ခေါင်းတွင် သေနတ်ဒဏ်ရာကိုယ်စီနှင့် သေဆုံးနေခြင်းဖြစ် သည်ဟု ဆိုသည်။

အက်စ်ပီနိုဆာ အသတ်ခံရမှုကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအတွင်း ဒေါသထွက်ခဲ့ကြပြီး မက္ကဆီကိုရှိ ဂျာနယ်လစ်များ၏ အန္တရာယ်များသော အခြေအနေကိုလည်း မီးမောင်းထိုးပြသကဲ့သို့ ထင်ရှား သွားစေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required