မြန်မာနှင့် ထိုင်း လက်ရွေးစင်အသင်းတို့ရဲ့ ဘောလုံးခြေစမ်းပွဲကို အောက်တိုဘာလ ၅ ရက် မန္တလေးမြို့မှာ ကစားမည်

မြန်မာနှင့် ထိုင်း လက်ရွေးစင်အသင်းတို့ရဲ့ ဘောလုံးခြေစမ်းပွဲကို အောက်တိုဘာလ ၅ ရက် မန္တလေးမြို့မှာ ကစားမည်
(ဓာတ်ပုံ - MFF)

မြန်မာအသင်းနှင့် ထိုင်း အမျိူးသား လက်ရွေးစင်ဘောလုံးအသင်းတို့ဟာ ဖီဖာ နိုင်ငံတကာ ခြေစမ်းပွဲအနေဖြင့် အောက်တိုဘာလ ၅ ရက်နေ့မှာ မန္တလေးမြို့၊ မန္တလာသီရိကွင်းမှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။

မန္တလေးမြို့တွင် ထိုင်းလက်ရွေးစင်အသင်းနှင့် ခြေစမ်းမယ့် မြန်မာ့လက်ရွေးစင်အသင်း လူစာရင်းကို စက်တင်ဘာလ ၂၆ ရက်နေ့က နည်းပြချုပ် ဂတ်ဆီဇီမှ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

၎င်းခြေစမ်းပွဲကို အောက်တိုဘာ လ ၅ ရက်နေ့ ညနေ ၆း၃၀ နာရီမှာ  မန္တလေးမြို့၊ မန္တလာသီရိကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

အဆိုပါ ပွဲစဉ်အတွက် လက်မှတ်များကို မန္တလေးရှိ မြန်မာဘောလုံးအကယ်ဒမီမှာ အောက်တိုဘာ(၁)ရက်နေ့မှ စတင်ကာ ကြိုတင်လက်မှတ်များ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

Source: MFF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required