မင်္ဂလာမန္တလေး Annual Bridal Fair 2017 ကျင်းပမည်

မင်္ဂလာမန္တလေး Annual Bridal Fair 2017 ကျင်းပမည်

နာမည်ကျော် ဒီဇိုင်းနာများ နှင့် ဖက်ရှင်ဒီဇိုင်းများကို တစ်နေရာတည်းတွင် စုံလင်စွာ ကြည့်ရှုခံစားနိုင်မည့် Mingalar Mandalay's Annual Bridal Fair 2017 ကို မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မန္တလာသီရိ အဆင့်မြင့်ဘောလုံးကွင်း မျက်နှာချင်းဆိုင်ရှိ မင်္ဂလာမန္တလေး လမ်းလျှောက်ဈေးတွင် အောက်တိုဘာ (၅)ရက် နှင့် (၆)ရက်တို့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။  

Mingalar Mandalay's Annual Bridal Fair 2017 ကို တတိယအကြိမ် ကျင်းပမည်ဖြစ်ပြီး အဆိုပါ ပွဲတွင် နာမည်ကျော် ဒီဇိုင်းနာများ နှင့် ဖက်ရှင်ဒီဇိုင်းများအပြင်   လူသုံးကုန်၊ အလှကုန်၊ အဝတ်အထည် နှင့် အစားအသောက်များကို ဆိုင်ခန်း(၈၀)ကျော် ဖွင့်လှစ်၍ သီတင်းကျွတ်အထူးဈေးရောင်းပွဲတော်အဖြစ် ရောင်းချပေးသွားမည်ဖြစ်သည်။

အဆိုပါ ပွဲတွင် နိုင်ငံကျော် အဆိုတော် အောင်ထက်၊ ဖြူဖြူကျော်သိန်း၊ Melody World တေးသံရှင် ခိုင်မြဲသစ္စာ၊ အိပ်မက်ဆုံရာ တေးသံရှင် ပိုင်ပိုင်၊ ချစ်ဇွဲသာတို့၏ သီဆိုဖျော်ဖြေမှုများ၊ Aroma Zulu၊ ဒီဇိုင်းနာ ပြည့်ဖြိုးမင်း၊ မျိုးမင်းစိုး၊ မြစန္ဒာမောင်၊ သက်နှင်းအေး တို့၏ ဖက်ရှင်ရှိုးပွဲများ၊ စိန်စမ္ပယ်ဖူးစိန်တိုက်၏ စိန်လက်ဝတ်ရတနာ ရှိုးပွဲများ၊ အလင်းသစ် မြန်မာ့ယဉ်ကျေးမှု အက ဖျော်ဖြေမှု၊ N.Y.M အကအဖွဲ့ နှင့် Project K အကအဖွဲ့တို့၏ ဖျော်ဖြေပေးသွားမည်ဖြစ်သည်။

Mingalar Mandalay's Annual Bridal Fair 2017 ကို အောက်တိုဘာ(၅)ရက် ညနေ(၅)နာရီခွဲတွင် မင်္ဂလာမန္တလေး လမ်းလျှောက်ဈေးတွင် ဖွင့်လှစ်မည်ဖြစ်ရာ စိတ်ဝင်စားသူ မည်သူမဆို အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required