စစ်မှုထမ်းတာဝန်ထမ်းဆောင်တော့မည့် ကင်မ်ဆိုဟွမ်း

စစ်မှုထမ်းတာဝန်ထမ်းဆောင်တော့မည့် ကင်မ်ဆိုဟွမ်း

 

တောင်ကိုရီးယားမင်းသား ကင်မ်ဆိုဟွမ်းသည် မကြာမီတွင် စစ်မှုထမ်းတာဝန် ထမ်းဆောင်တော့မည်ဖြစ်သည်။

စက်တင်ဘာ ၂၈ရက်နေ့တွင် သူ၏အေဂျင်စီဖြစ်သော KeyEast Entertainment က တရားဝင်ကြေညာချက် တစ်ခု ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်ချက်ထဲ၌ “ကင်မ်ဆိုဟွမ်းဟာ လာမယ့်အောက်တိုဘာလ ၂၃ရက်နေ့မှာ တာဝန်သိစစ်သားတစ်ဦးအဖြစ် စစ်မှုထမ်းတာဝန် ထမ်းဆောင်တော့မှာဖြစ်ပါတယ်။ ဒါဟာတောင်ကိုရီးယား နိုင်ငံသားတစ်ဦး မဖြစ်မနေလုပ်ဆောင်ရမယ့် တာဝန်ကိုထမ်းဆောင်မှာ   ဖြစ်တာကြောင့် ကင်မ်ဆိုဟွမ်းဟာ နှုတ်ဆက်ပွဲတွေ၊ သတင်းစာရှင်းလင်းပွဲတွေ အကျယ်တဝင့်လုပ်မနေတော့ဘဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ စာရင်း ပေးသွင်းဖို့ကိုပဲ ဆုံးဖြတ်ခဲ့ပါတယ်” ဟု ဖော်ပြထားသည်။

ဆက်လက်ပြီး “ စစ်သင်တန်းကျောင်းမှာ အခြေခံစစ်ပညာကို ငါးပတ်ခန့်တက်ရောက်ပြီးတာနဲ့ ကင်မ်ဆိုဟွမ်း ဟာ စစ်တပ်ထဲမှာ ၂၁လခန့် တာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်” ဟု ထိုကြေညာချက်ထဲ၌ ဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required