ရန်ကုန်တိုင်းအတွင်းရှိ စျေးများအားလုံးတွင် မီးရှူးမီးပန်းရောင်းချသိုလှောင်ခွင့် တားမြစ်ချက်ထုတ်

ရန်ကုန်တိုင်းအတွင်းရှိ စျေးများအားလုံးတွင် မီးရှူးမီးပန်းရောင်းချသိုလှောင်ခွင့် တားမြစ်ချက်ထုတ်

 

ရန်ကုန်၊စက်တင်ဘာ၂၈ ။         ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဈေးများအားလုံးတွင် မီးရှူး၊ မီးပန်း၊ ဗျောက်အိုးများ ရောင်းချ၊ သိုလှောင်ခြင်းမပြုရန် သှတင်းကျွတ်ကာလအတွက် တားမြစ်ထားကြောင်း စည်ပင်ဈေးများဌာန၊ နန္ဒဝန်ဈေး၏ ဈေးတာဝန်ခံ(၃)ဖြစ်သူ ဦးထွန်းအောင်တိုးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ဗျောက်အိုး၊ မီးရှူး၊ မီးပန်းများ ရောင်းချပစ်ဖောက်ခြင်းမပြုစေရန် ထုတ်ပြန်ထားပြီးနောက် ရန်ကုန်တိုင်းအတွင်းရှိ နန္ဒဝန်ဈေးလည်းတွင် မီးရှူး၊ မီးပန်းရောင်းချခြင်း များကို တားမြစ်ထားသည်ဟု ဆိုသည်။

လက်ရှိတွင် မရောင်းချရန် တားမြစ်ထားပြီး ဈေးအတွင်း လစ်ဟာမှုမရှိအောင် ကြပ်မတ်စစ်ဆေးနေသည်ဟု စည်ပင်ဈေးများဌာန၊ နန္ဒဝန်ဈေး၏ ဈေးတာဝန်ခံ(၃)ဖြစ်သူ ဦးထွန်းအောင်တိုး က ပြောသည်။

"ကျွန်တော်တို့က ဈေးတွေမှာ ရောင်းချမှုမရှိအောင် စစ်ဆေးနေပါတယ်။ လစ်ဟာမှု မရှိအောင်လည်း စစ်ဆေးနေပါတယ် ။ ဒါပေမယ်လို့ ပတ်ဝန်းကျင်ရပ်ကွက်တွေမှာတော့   ရောင်းချတာမျိုးတွေ   တွေ့နေရတယ် ။ ဒါပေမယ့် ကိုယ့်အပိုင်းမဟုတ်တဲ့အချိန်မှာ အရေးယူလို့မရဘူး။ ဈေးအဝန်းအဝိုင်းထဲမှာ မရှိအောင်တော့ ဆောင်ရွက်ထားရှိပါတယ်"ဟု စည်ပင်ဈေးများဌာန၊ နန္ဒဝန်ဈေး၏   ဈေးတာဝန်ခံ(၃)ဖြစ်သူ ဦးထွန်းအောင်တိုး ကဆိုသည်။

တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ နန္ဒဝန်ဈေးအတွင်း မီးရှူး၊ မီးပန်း၊ ဗျောက်အိုးနှင့် အခြား မီးလောင်လွယ်သည့်ပစ္စည်းများကို ရောင်းချ၊ သိုလှောင်ခြင်းမပြုရန် ဈေးသူဈေးသားများအား လိုက်လံပြောဆိုကာ ဆိုင်းဘုတ်တွင်ကြေညာပြီး တားမြစ်ထားသည်။

ဒါ့အပြင် တချို့သောလူများမှာ မရောင်းချသော်လည်း ၎င်းတို့ကလေးများကစားရန်အတွက် မီးရှူး၊ မီးပန်းနှင့် ဗျောက်အိုးများကို သိမ်းဆည်းထားလေ့ရှိသောကြောင့် သိုလှောင်ထားရှိခွင့်ပါ မပြုခြင်း ဖြစ်သည်ဟု ဦးထွန်းအောင်တိုးက ဆိုသည်။

"ဖြစ်စဉ်လေးတွေရှိခဲ့ဖူးတယ် အာလူးဗျောက်လေးတွေညမှာပေါက်ကွဲပြီးတော့မှ ငြိမ်းသတ်ရတာမျိုးတွေ ရှိခဲ့ဖူးတယ် ။ ဘာမှတော့ မီးလောင်သွားတာမရှိပေမယ့်လို့ အဲဒီဆိုင်ခန်းကို အရေးယူဖူးတာဖြစ်ဖူးတယ် ။ ဒါပေမယ့်ကျွန်တော့်ဈေးမှာတော့မဖြစ်ဖူးဘူး"ဟု နန္ဒဝန်ဈေး၏ ဈေးတာဝန်ခံ(၃)ဖြစ်သူ ဦးထွန်းအောင်တိုးက ပြောသည်။

အရေးယူဆောင်ရွက်ရာမှာလည်း ဌာနအဆင့်ဆင့်တင်ပြကာ ဆိုင်ခန်းပိတ်ဆို့အရေးယူခဲ့ဖူးကြောင်းလည်း ပြောပြသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ခရိုင်၊ မြို့နယ်များအတွင်းတွင် ဗျောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များကို ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ပစ်ဖောက်ခြင်းမပြုလုပ်ရန် စက်တင်လာလ ၂၆ရက်နေ့က ထုတ်ပြန်ထားပြီး ဖောက်ဖျက်ပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်သည်။

၎င်းအမိန့်ကြော်ငြာစာပါ တားမြစ်ချက်များအား ဖောက်ဖျက်ကျူးလွန်ပါက အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် အရေးပေါ် အခြေအနေများ မဖြစ်ပေါ်စေရန် ကြိုတင်တားဆီး သည့်အနေဖြင့်ထုတ်ပြန်လေ့ရှိသော ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ(၁၈၈)အရ လည်းကောင်း၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ(၂၆၈)အရလည်းကောင်း၊ အခြား တည်ဆဲဥပဒေတစ်ရပ်ရပ်ဖြင့်လည်းကောင်း အရေးယူမည်ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required