နာမည်ကျော်ရက်ပ်အဆိုတော် Pitbull သည် ဟာရီကိန်းမုန်တိုင်းဒဏ်သင့် ပွေတိုရီကိုနယ်မြေမှ ကင်ဆာဝေဒနာသည်များကို အမေရိကန်ပြည်တွင်းသို့ ပို့ဆောင်ရာတွင် သူ၏ကိုယ်ပိုင်ဂျက်လေယာဉ်ကို ငှားရမ်းအသုံးပြုခွင့်ပေးခဲ့သည့် မွန်မြတ်လှသောလုပ်ရပ်အတွက် လူအများ၏ချီးမွမ်းမှုကို ရရှိခဲ့သည်။
ထို့ကြောင့်လည်း ဝါရှင်တန်ရှိ ပွေတိုရီကိုနယ်မြေကိုယ်စားလှယ် ဂျနီဖာဂွန်ဇာလက်ဇ်က Pitbull အားတွစ်တာမှ တဆင့် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
အမည်ရင်း အာမန်ဒိုပီရက်ဇ်ဟုခေါ်ဝေါ်သော မိုင်ယာမီဖွား ရက်ပ်အဆိုတော် Pitbull အား နယူးယောက်နေ့စဉ် သတင်းစာက သူ၏မွန်မြတ်လှသော အကူအညီနှင့်ပက်သက်၍ မေးမြန်းမှုများပြုလုပ်ခဲ့ပြီး သူက သူလုပ်နိုင် သောအပိုင်းကို ကူညီပေးခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
“ကျေးဇူးတင်ပါတယ်ဗျာ၊ ကျနော်တို့လည်း အကူအညီပေးနိုင်လို့ ပျော်ရွှင်ပါတယ်” ဟု သူက ပြောခဲ့သည်။
ဟာရီကိန်းမုန်တိုင်းအာမာနှင့်မာရီယာတို့ကြောင့် ပွေတိုရီကို၌ လျှပ်စစ်မီးပြတ်တောက်နေပြီး လူဦးရေ ၃.၅သန်း မှာ သောက်သုံးရေပြတ်လပ်မှုနှင့် ကြုံတွေ့နေရသည်။
ဟာရီကိန်းမုန်တိုင်းနှစ်ခုကြောင့် ပွေတိုရီကို၌ အနည်းဆုံး ၁၆ဦးခန့် သေဆုံးခဲ့ရသည်။