Game of Thrones ဇာတ်လမ်းတွဲ၏ သရုပ်ဆောင်နှစ်ဦး တရားဝင်စေ့စပ်

Game of Thrones ဇာတ်လမ်းတွဲ၏ သရုပ်ဆောင်နှစ်ဦး တရားဝင်စေ့စပ်

 

HBO ရုပ်သံလိုင်းမှထုတ်လွှင့်သော နာမည်ကျော် Game of Thrones ဇာတ်လမ်းတွဲမှ သရုပ်ဆောင်များဖြစ်ကြ သည့် ကစ်ဟာရင်တန်နှင့် ရို့စ်လက်စ်လီတို့သည် သူတို့နှစ်ဦး တရားဝင်စေ့စပ်လိုက်ပြီဆိုသောသတင်းကို ဗြိတိန် သတင်းစာထဲ၌ ဗုဒ္ဓဟူးနေ့က ထည့်သွင်းကြော်ငြာကာ ပရိသတ်များကို အသိပေးခဲ့သည်။

Game of Thrones ဇာတ်လမ်းတွဲ၌ ဂျွန်စနိုးအဖြစ်သရုပ်ဆောင်ခဲ့သော မင်းသားဟာရင်တန်နှင့် Ygritte အဖြစ် သရုပ်ဆောင်ခဲ့သော မင်းသမီးလက်စ်လီတို့သည် လွန်ခဲ့သော ၂၀၁၁ ခုနှစ်ကတည်းက အိုက်စလန်၌ ရိုက်ကူး ရေးပြုလုပ်နေစဉ် စတင်တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

“ခင်ဗျားတစ်ယောက်ယောက်ကို စွဲလမ်းနေတယ်ဆိုရင် ခင်ဗျားသူ့အပေါ်ထားတဲ့ ချစ်စိတ်တွေကို ပါဝင်သရုပ် ဆောင်နေတဲ့ ဇာတ်လမ်းထဲမှာ ချပြလိုက်ပါ။ ဒါဆိုရင် သူပြန်ချစ်လာဖို့ အရမ်းကိုလွယ်ကူသွားပါပြီ” ဟု ဟာရင်တန်က ပြီးခဲ့သောနှစ်က Vogue မဂ္ဂဇင်းနှင့်ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခု၌ ပြောဆိုခဲ့ဖူးသည်။

နှစ်ဦးစလုံး အသက် ၃၀အရွယ်ရှိပြီဖြစ်သော ဟာရင်တန်နှင့်လက်စ်လီတို့စုံတွဲသည် Game of Thrones ဇာတ်လမ်းတွဲ၌လည်း ချစ်သူများအဖြစ် သရုပ်ဆောင်ခဲ့ကြရသည်။ Game of Thrones ဇာတ်လမ်း၏ လေးတွဲမြောက်တွင် လက်စ်လီ၏ဇာတ်ကောင် Ygritte သည် ဟာရင်တန်၏ဇာတ်ကောင် ဂျွန်စနိုး၏လက်ပေါ်၌ သေဆုံးသွားခဲ့သည်။

သူမ၏နောက်ဆုံးစကားဖြစ်သည့် “ရှင်ဘာမှမသိသေးပါဘူး ဂျွန်စနိုးရယ်” ဟူသောစာသားသည် Game of Thrones ဇာတ်လမ်းတွဲ၏ ကျော်ကြားသော စာသားများထဲမှ တစ်ခုဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required