ကာဘူးလ်လေဆိပ်တိုက်ခိုက်ခံရမှုကြောင့် ၄ဦးသေဆုံးပြီး ၁၁ဦးဒဏ်ရာရ

ကာဘူးလ်လေဆိပ်တိုက်ခိုက်ခံရမှုကြောင့် ၄ဦးသေဆုံးပြီး ၁၁ဦးဒဏ်ရာရ

 

ကာဘူးလ်၊ စက်တင်ဘာ ၂၈ ။           ။ အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးလ်မြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို တိုက်ခိုက်ရေးသမားများက ဒုံးလက်နက် များဖြင့် ဗုဒ္ဓဟူးနေ့က တိုက်ခိုက်ခဲ့သောကြောင့် အမျိုးသမီးတစ်ဦးအပါအဝင် တိုက်ရေးသမား ၃ဦးစလုံးသေဆုံး ခဲ့ပြီး လူပေါင်း ၁၁ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန်တာဝန်ရှိသူများက သတင်းထုတ်ပြန်ခဲ့သည်။

ထိုတိုက်ခိုက်မှုသည် အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မက်တစ်နှင့် နေတိုးအဖွဲ့မှ အတွင်းရေးမှူးချုပ် ယန်းစ်စတော့တန်ဘာ့ဂ်တို့ အာဖဂန်နစ္စတန်သို့ လာရောက်လည်ပတ်စဉ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“အဆိုပါနယ်မြေကို ရှင်းလင်းဖို့အတွက် လုပ်ဆောင်ခဲ့တဲ့စစ်ဆင်ရေး ပြီးဆုံးသွားပြီဖြစ်ပါတယ်။ နေအိမ်အတွင်း ကနေ နေရာယူပြီးတော့ တိုက်ခိုက်ခဲ့တဲ့ တိုက်ရေးသမား ၃ဦးစလုံးကို သတ်ဖြတ်နိုင်ခဲ့ပါတယ်” ဟု ပြည်ထဲရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ နာဂျစ်ဒါနစ်ရှ်က ပြောခဲ့သည်။

“လက်ရှိအချိန်မှာတော့ အဆိုပါနယ်မြေဟာ တည်ငြိမ်သွားပြီဖြစ်ပြီး ထိန်းချုပ်မှုအောက် ရောက်ရှိသွားပါပြီ” ဟု သူက ဖြည့်စွက်ပြောကြားခဲ့သည်။

ဒန်းနစ်ရှ်၏အဆိုအရ ထိုတိုက်ခိုက်ရေးသမား ၃ဦးသည် မက်တစ်နှင့် စတော့တန်ဘာ့ဂ်တို့ လေဆိပ်သို့ ရောက်ရှိ ခဲ့သော မနက်အစောပိုင်းအချိန်လောက်တွင် ဒုံးလက်နက်များကိုပစ်လွှတ်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ပစ်လွှတ်တိုက်ခိုက်ခဲ့သော ဒုံးလက်နက်အရေအတွက် အတိအကျကို သူကသိရှိခြင်းမရှိသော်လည်း သုံးခုထက် ပိုမည်ဖြစ်ကြောင်း ဒန်းနစ်ရှ်ကပြောခဲ့သည်။

တိုက်ခိုက်သူများသည် လေဆိပ်အနီးရှိ အဆောက်အဦးတစ်ခုထဲ၌ ပုန်းအောင်းနေခဲ့ကြပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ် ကာ ထိုသူတို့ကို လုံခြုံရေးတပ်ဖွဲ့များက ခြောက်နာရီခန့် စစ်ဆင်ရေးပြုလုပ်၍ ရှင်းလင်းခဲ့ရသည်။

ယင်းတိုက်ခိုက်မှုကို တာလီဘန်နှင့် အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ IS တို့မှ အဖွဲ့ဝင်တပ်သားများက ကျူးလွန်ခဲ့ ကြခြင်းဖြစ်ကြောင်း ထိုနှစ်ဖွဲ့စလုံးက ကြေညာခဲ့ကြသည်။

တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် မက်တစ်နှင့် စတော့တန်ဘာ့ဂ်တို့သည် အာဖဂန်သမ္မတ အာရှာရပ်ဖ်ဂါနီနှင့် တွေ့ဆုံ ရန်အတွက် သမ္မတအိမ်တော်သို့ ရောက်ရှိနေခဲ့ကြသောကြောင့် ထိခိုက်မှုတစ်စုံတစ်ရာ မရှိခဲ့ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags