သင်က ဆိုးဝါးတဲ့ ချစ်သူ ဖြစ်နေပြီဆိုတာပြတဲ့ အချက် (၅)ချက်

သင်က ဆိုးဝါးတဲ့ ချစ်သူ ဖြစ်နေပြီဆိုတာပြတဲ့ အချက် (၅)ချက်

ရေးသားသူ Phyo Wai Yan
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. K Zin Thwe.

သင်ဟာ ဆိုးဝါးတဲ့ချစ်သူ တစ်ယောက်ဖြစ်နေပြီလို့ သင်စဉ်းစားဖူးပါသလား။ အကယ်၍ သင်တို့ရဲ့အချစ်ရေးဟာကြမ်းတမ်းနေတယ် ဒါပေမယ့်အဖြေကို ရှာမတွေ့ဘူးဆိုရင်တော့ သင့်ကိုသင် ပြန်လည်းစမ်းစစ်ကြည့်သင့်ပါပြီ။ သင်ဟာ ဆိုးဝါးတဲ့ ချစ်သူတစ်ယောက်ဖြစ်နေပြီဆိုတာ ပြောနိုင်တဲ့အချက် ၅ ချက်ရှိပါတယ်။

၁။ အရာရာတိုင်းဟာ သင့်ကိစ္စပဲဖြစ်နေခြင်း

သင်တို့နှစ်ယောက်ဟာ ဘာပဲစီစဉ်ထားထား အရာရာတိုင်းဟာ သင့် အရေးကိစ္စပဲအမြဲဖြစ်နေတတ်ပါတယ်။ သင်တို့နှစ်ယောက် လုပ်မယ့် အရာတွေမလုပ်ခင်မှာ သင့်ရဲ့ခွင့်ပြုချက်တွေကို ယူနေရတာမျိုးတွေ၊သူ့မှာဘာကိစ္စပဲရှိပါစေ သင့်ရဲ့ဘေးမှာ တစ်နေ့လုံးရှိနေစေချင်တာမျိုးတွေ၊ သင်ဟာသူတို့ရဲ့အရေးအကြီးဆုံးနဲ့ ပထမဦးစားပေး ဖြစ်ချင်တာမျိုးတွေပဲဖြစ်ပါတယ်။

၂။ ပွစိပွစိအမြဲ ပြောနေခြင်း

ကျွနု်ပ်တို့အားလုံးဟာ ပြန်ခံပြောတတ်ကြပါတယ်။ ဒါပေမယ့် တချို့လူတွေဟာ အဲဒီ လိုပြောတဲ့နေရာမှာ တော်တော်ဆိုးပါတယ်။ သင်ဟာတစ်ယောက်ယောက်က သူတို့ရဲ့ပြသနာတွေကို တစ်နေ့လုံးထိုင်ပြောနေတာကို နားမထောင်ချင်လိုမျိုးပဲပေါ့ ။ သင့်ရဲ့ချစ်သူဟာလည်းအဲဒီလိုပဲခံစားရမှာဖြစ်ပါတယ်။ သူကိုယ်တိုင်ကဘာမှမလုပ်ပဲ အပြစ်ထိုင်ပြောနေတာကို နားထောင်ရတာလောက် ငြီးငွေ့စရာကောင်းတာမရှိပါဘူး။ သင်ဟာလုံးဝကို အပြစ်ထိုင်ပြောတတ်သူကြီးဆိုရင်တော့ သင့်ရဲ့ချစ်သူကတော့ ဘာမှပြောမှာမဟုတ် ပေမယ့် သေချာတာတစ်ခုကတော့ အဲဒါဟာသင်တို့ရဲ့ဆက်ဆံရေးကိုလုံးဝဖျက်ဆီးနေတာနဲ့ အတူတူပဲဖြစ်ပါတယ်။

၃။ သူ့ကို ပြောင်းလဲဖို့ ကြိုးစားခြင်း

သင့်ရဲ့ချစ်သူဟာ သင့်ချစ်သူပါပဲ၊ သင်ဟာလည်းသင်ပါပဲ။ အကယ်၍ သင်တို့ရဲ့ဆက်ဆံရေးမှာ ပြောင်းလဲဖို့လိုလာရင် အဲဒီလိုပြောင်း လဲတာဟာ သဘာဝအတိုင်းလေးပဲဖြစ်သင့်ပါတယ်။ တွန်းအားတစ်ခုခုကြောင့်မဖြစ်သင့်ပါဘူး။ လူတစ်ယောက်ကို ပြောင်း လဲဖို့ကြိုးစားတာ လုံးဝအဓိပ္ပါယ်မရှိပါဘူး။ အထူးသဖြင့် သင်ချစ်နေတဲ့သူကိုပေါ့။

၄။ သူ့ကို ပွင့်ပွင့်လင်းလင်းဝေဖန်ခြင်း

လူတော်တော်များများကတော့ အကျိုးရှိတဲ့အကူအညီပေးနိုင်တဲ့ဝေဖန်မှုတွေကို လက်ခံကြပါတယ်။ ဒါပေမယ့် သင်ဟာ သင့်ရဲ့ချစ်သူကိုလူအများရှေ့မှာ ပွင့်ပွင့်လင်းလင်းဝေဖန်နေရင်တော့ အဲ့ဒါလုံးဝကိုမကောင်းပါဘူး။ သင့်ရဲ့ဝေဖန်မှုဟာအကျိုးရှိတယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် သင့်ရဲ့ဝေဖန်မှုပုံစံကြောင့်ရှိပြီးသား အကောင်းမြင်စိတ်တောင် ပျောက်သွားစေနိုင်ပါတယ်။ ဒါကြောင့် သင်ဝေဖန်တော့မယ်ဆိုရင် သက်တောင့်သက်သာဖြစ်စေပြီး အပြုသဘောဆောင်တာမျိုးကို နှစ်ကိုယ်ကြားပဲပြောသင့်ပါတယ်။

၅။ သင်ဟာ ပေါင်းသင်းဆက်ဆံရေးမှာ အားနည်းချက်ရှိခြင်း

သင်ဟာ သင်ချစ်သူနဲ့ ပြေလည်တဲ့ ဆက်ဆံရေးတစ်ခု ပိုင်ဆိုင်ဖို့ဆိုရင် ကောင်းမွန်တဲ့ စကားပြောဆိုမှုရှိရမယ်ဆိုတာကို သိပေမယ့် သင်ဟာ ဆက်ဆံရေးမကောင်းဘူး။ သင်ဟာတစ်ခုခုအဆင်မပြေတဲ့အခါ သင့်ရဲ့ခံစားချက်တွေကိုဖွင့်ပြောပြလေ့မရှိဘူး။ အဆင်မပြေတဲ့အချိန်မှာ သင်ကိုယ်တိုင်ကလည်း ပြဿနာတွေ သယ်လာလေ့ရှိတယ်။သင့်ရဲ့ခံစားချက်ကိုလူချင်းတွေ့ပြီးပြောရတာထက် စာရိုက်ပြောရတာကို ပိုနှစ်သက်တယ်။ ဒါတွေဟာ သင့်ကို ချစ်သူကောင်းတစ်ယောက်မဖြစ်နိုင်အောင် တားဆီးနေတဲ့ အရာတွေဖြစ်တယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello Sayarwon မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly