မိုးပြည့် ရုပ်ရှင် နှင့် ဗီဒီယို ထုတ်လုပ်ရေးမှ ရိုက်ကူးမည့် `မြစ်တစ်​​စင်​းရဲ့​ကျေးကျွန်​များ´ ရုပ်ရှင်ဇာတ်ကား

မိုးပြည့် ရုပ်ရှင် နှင့် ဗီဒီယို ထုတ်လုပ်ရေးမှ ရိုက်ကူးမည့် `မြစ်တစ်​​စင်​းရဲ့​ကျေးကျွန်​များ´ ရုပ်ရှင်ဇာတ်ကား

ရန်ကုန် ၊ စက်တင်ဘာ ၂၇ ။       ။ သရုပ်ဆောင် မိုးပြည့်ပြည့်မောင် ၏ ကိုယ်ပိုင်ထုတ်လုပ်ရေး ဖြစ်သည့် မိုးပြည့် ရုပ်ရှင် နှင့် ဗီဒီယို ထုတ်လုပ် ဖြန့်ချိရေးမှ `မြစ်တစ်စင်းရဲ့ကျေးကျွန်များ´ရုပ်ရှင်ဇာတ်ကားကြီးကို ပထမဆုံး စတင်ရိုက်ကူး သွားတော့မည် ဖြစ်သည်။

မိုးပြည့် ရုပ်ရှင် နှင့် ဗီဒီယို ထုတ်လုပ် ဖြန့်ချိရေးမှ ပထမဆုံး ပွဲဦးထွက် ရိုက်ကူးမည့် `မြစ်တစ်စင်းရဲ့ကျေးကျွန်များ´ အမည်ရှိ ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေး အခမ်းအနားကို ရန်ကုန်မြို့ရှိ Orchid Hotel ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ထိုရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာကိုမျိုးထူးက  ပုံဖော် ရိုက်ကူးမည်ဖြစ်ပြီး သရုပ်ဆောင်များ အဖြစ် ကျော်သူ၊ကျော်ရဲအောင် ၊ မင်းဦး ၊ နေမျိုးအောင် ၊ အောင်မင်းခန့် ၊ ထွန်းအိန္ဒြာဗို ၊ မိုးပြည့်ပြည့်မောင် တို့မှ ပါဝင်သရုပ်ဆောင်ကြမည် ဖြစ်သည်။

`မြစ်တစ်စင်းရဲ့ကျေးကျွန်များ´ ရုပ်ရှင်ဇာတ်ကား သည် ဘာသာရေး အကြောင်းတွေလည်း ပါဝင်မည် ဖြစ်သလို ၊ မင်းကွန်းဒေသ အကြောင်းအရာများ ၊ မီးမျှော်ပွဲများ ၊ ရှင်လောင်းပွဲများ နှင့် ရိုးရာ ဓလေ့များလည်း ပါဝင်မည် ဖြစ်သည်။

သရုပ်ဆောင် ဦးကျော်သူ က “အရင် က မြစ်တစ်စင်းရဲ့ ကျွန်ဆိုပြီး မျိုးထူးနဲ့ စကားတွေ အများကြီး ပြောခဲ့ တယ်။ ရူးသွပ်ခဲ့တယ် ။ လုပ်တော့မယ် ဆိုပြီး မလုပ်ဖြစ်ဘူး ။ စိတ်ဓာတ်တွေ ကျခဲ့တယ်။ စိတ်လျော့လိုက်တဲ့အချိန်မှာ လုပ်ဖြစ်တော့မယ် ဆိုပြီး မိုးပြည့်ကနေ ဆက်သွယ်လာတယ် သူတို့ ရိုက်မယ်ဆိုတော့ အရမ်းဝမ်းသာသွားတယ်။ မျိုးထူးကလည်း ရိုက်ချက်တွေကအစ ရူးသွပ်ထားတယ် သရုပ်ဆောင်တွေလည်း အကောင်းဆုံး သရုပ်ဆောင်ကြမယ်လို့ ယုံကြည်တယ်” ဟု ပြောခဲ့သည်။

သရုပ်ဆောင် မိုးပြည့်ပြည့်မောင် အနေဖြင့် ရုပ်ရှင်ထုတ်လုပ်ရေး စပြီး လုပ်ဖြစ်ချိန်တွင် အနုပညာအလုပ်တွေကို သေချာ လုပ်ခွင့် ရချင်သလို စီးပွားရေးလုပ်ချင်သည့်အတွက်ကြောင့် ကိုယ်ပိုင် ရုပ်ရှင်ထုတ်လုပ်ရေးကို လုပ်ဖြစ်ခြင်း ဖြစ်သည်။

မိုးပြည့် ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ် ဖြန့်ချိရေးမှ ဇာတ်လမ်းကောင်းများကို ပရိသတ်အတွက် စဉ်းစားပြီး ရိုက်ကူးခြင်း ဖြစ်သလို ပရိသတ်အတွက် စိတ်ပန်းဖြေစရာ ဖြစ်ဖြစ် ရရှိအောင် စဉ်းစားပြီး ရွေးချယ် ရိုက်ကူး သွားမည် ဖြစ်သည်။

`မြစ်တစ်စင်းရဲ့ကျေးကျွန်များ´ ရုပ်ရှင် ဇာတ်ကားကို ဒါရိုက်တာကိုမျိုးထူး က ပါဝင်သရုပ်ဆောင်ကြ မည့် သရုပ်ဆောင်များနှင့်အတူ အောက်တိုဘာလ ၂၀ ရက်တွင်  စစ်ကိုင်းဒေသ ၌ သွားရောက် ရိုက်ကူး သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly