ဟိန္ဒူဘာသာဝင် ရုပ်အလောင်းများ တူးဖော်တွေ့ရှိသောနေရာသို့ ပြည်တွင်းပြည်ပမီဒီယာများ သွားရောက်

ဟိန္ဒူဘာသာဝင် ရုပ်အလောင်းများ တူးဖော်တွေ့ရှိသောနေရာသို့ ပြည်တွင်းပြည်ပမီဒီယာများ သွားရောက်

စက်တင်ဘာ ၂၇၊ မောင်တော ။           ။ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားခဲ့သည့် မောင်တောဒေသ၌ မြှုပ်နှံခံထားရသော ဟိန္ဒူဘာသာဝင်များအား ယနေ့ ဆက်လက်ရှာဖွေနေကြပြီး အဆိုပါနေရာသို့ ပြည်တွင်းပြည်ပမီဒီယာများ ယနေ့ စက်တင်ဘာလ ၂၇ ရက်တွင် လာရောက် သတင်းရယူခဲ့ကြသည်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ဥက္ကာကိုက အလောင်းများ တူးဖော်ရရှိနေမှုအခြေအနေအား မီဒီယာများအား ရှင်းလင်းပြောသည်။

“ ချိတ်ဆက်ပြီး ပြောရရင် ဒီမှာ ယောကျာ်းလေးတွေကို ထားခဲ့တယ်။ မိန်းကလေးတွေကို ကျွန်တော်တို့ လမ်းမှာတွေ့ရတဲ့ ဘယ်ဖက်က တဲလေးမှာ ခဏထားပါတယ်။ အမျိုးသမီး ၇၊ ၈ ဦးကိုတော့ အစ္စလာမ်ဇာတ်ကို သွင်းလိုက်ပါတယ်။ ဒါကိုတော့ ဒီက ဘာသာရေးခေါင်းဆောင်တွေက ပြောပြပါလိမ့်မယ်။ အစ္စလာမ်ဇာတ်ကို ဘယ်လိုသွင်းလဲဆိုတာပေါ့။ အစ္စလာမ်ကို သွင်းပြီးတော့ အသတ်မခံဘဲ တစ်ဘက်နိုင်ငံကို ပါသွားတာ ဖြစ်ပါတယ်” ဟု နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ဥက္ကာကိုက ပြောသည်။

စက်တင်ဘာလ ၂၅ ရက် မွန်းလွဲပိုင်းအထိ ထပ်မံတူးဖော်ရရှိထားပြီး ဟိန္ဒူဘာသာဝင်အလောင်းတွေ့ရှိမှု စုစုပေါင်း ၄၅ လောင်း အထိ ရှိလာနေပြီ ဖြစ်ပြီး အစိုးရမှ ပျောက်ဆုံးသူ ၉၃ ဦးရှိသည်ဟု ထုတ်ပြန်ထားသည်။

ဟိန္ဒူဘာသာရေးခေါင်းဆောင် ဦးနီမာရ်ကလည်း  “ အသက် ၃၀ ကနေ ၅၅ အထိ ၊ အမျိုးသားတွေချည်းပဲ။ ဟိုဖက်ကတော့ အမျိုးသမီး ၂၀လောင်း၊ အမျိုးသား ၂ လောင်း၊ ကလေးတွေရောပေါ့” ဟု တူးဖော်ရရှိမှု အခြေအနေအား ပြောခဲ့သည် လူ ၅၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း  ကြုံတွေ့နေရတဲ့ အခြေအနေကို ပြောခဲ့သည်။

စက်တင်ဘာ ၂၄ ရက်နေ့တွင် ဟိန္ဒူဘာသာဝင်များကို မြုပ်နှံထားသည့် မြေကျင်းနှစ်ကျင်း တွေ့ရှိခဲ့ပြီးနောက် အမျိုးသမီးအလောင်း၊ ကလေးအလောင်းများ ပါသော အလောင်း ၂၈ လောင်း၊ စက်တင်ဘာလ ၂၅ ရက် မွန်းလွဲပိုင်းအထိ ဟိန္ဒူဘာသာဝင် အမျိုးသားအလောင်း ၁၇ လောင်းကို ထပ်မံတူးဖော်ရရှိထားပြီး ဖြစ်သည်။

သေဆုံးသူတို့၏ မိသားစုဝင် အယောက် ၂၀ ခန့်လည်း အဆိုပါနေရာသို့ ရောက်ရှိနေပြီး ငိုကျွေးနေကြောင်း တွေ့မြင်ရသည်ဟု အဆိုပါနေရာသို့ရောက်ရှိနေသည့် မဇ္ဈိမသတင်းထောက် ဇေယျာမော်က သတင်း ပေးပို့သည်။

စက်တင်ဘာလ ၂၆ ရက်နှင့် ၂၇ ရက်များတွင် တူးဖော်ရှာဖွေမှုများ ပြုလုပ်နေသော်လည်း ရှာဖွေတွေ့ရှိရခြင်း မရှိဘဲ စက်တင်ဘာလ ၂၈ ရက်တွင် တေါ့ရှိအလောင်းများကို ဟိန္ဒူဘာသာထုံးစံအရ သဂြိုလ်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly