ပရိသတ်များကို စိတ်ကျေနပ်မှုပေးစွမ်းနိုင်ခဲ့သည့် Star Trek ဇာတ်လမ်းတွဲ

ပရိသတ်များကို စိတ်ကျေနပ်မှုပေးစွမ်းနိုင်ခဲ့သည့် Star Trek ဇာတ်လမ်းတွဲ

 

လွန်ခဲ့သောနှစ်ပေါင်း ၅၀ခန့်ကတည်းက ထုတ်လွှင့်ပြသခဲ့သော နာမည်ကျော်ရုပ်သံဇာတ်လမ်းတွဲ Star Trek သည် ယခုအခါတွင် ဇာတ်လမ်းတွဲအသစ်၊ အပိုင်းအသစ်များဖြင့် ပရိသတ်ထံသို့ တဖန်ပြန်လည်ရောက်ရှိလာခဲ့ ပြီဖြစ်သည်။

Star Trek: Discovery ဟု အမည်ပေးထားသော ဇာတ်လမ်းတွဲအသစ်သည် လက်ရှိတွင် အပိုင်း ၂ခု ထုတ်လွှင့် ထားပြီး ကြည့်ရှုသူအများအပြားရှိခဲ့သလို ပရိသတ်များကို စိတ်ကျေနပ်မှုများ   ပေးစွမ်းနိုင်ခဲ့သည်။

Star Trek ဇာတ်လမ်းတွဲအသစ်၌ ကြယ်စင်စုယာဉ်တန်း၏ ပထမတန်းအရာရှိအဖြစ် The Walking Dead ဇာတ်လမ်းတွဲမှ ဆိုရီကွာမာတင်ဂရင်းက သရုပ်ဆောင်ထားပြီး အာရုထိပ်တိန်းမင်းသမီး မစ်ရှဲလ်ယိုက ကပ္ပတိန် ဖိလစ်ပါဂျော်ဂျူအဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။

ထိုကဲ့သို့ အမျိုးသမီးနှစ်ဦးက အဓိကနေရာမှ ဦးဆောင်ပါဝင်ထားသည့်အတွက် ပရိသတ်များက အထူးကျေနပ် ခဲ့ကြခြင်းဖြစ်သည်။

နောက်ဆုံးထွက်ရှိထားသော Star Trek ရုပ်သံဇာတ်လမ်းတွဲမှာ Star Trek: Enterprise ဖြစ်ပြီး လွန်ခဲ့သော ၂၀၀၅ ခုနှစ်တွင် အဆုံးသတ်ခဲ့သည်။ ယခုထုတ်လွှင့်ပြသနေသော ဇာတ်လမ်းတွဲအသစ်ကို အမေရိကန် ပြည်ထောင်စုတွင် CBS ရုပ်သံလိုင်း၌ကြည့်ရှုနိုင်ပြီး နိုင်ငံပေါင်း ၁၈၈ နိုင်ငံတွင် Netflix မှတဆင့် ကြည့်ရှုနိုင် ကြောင်း သိရသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required