အဖွဲ့ဝင်စတိဗ်တေလာ၏ ကျန်းမာရေးအခြေအနေကြောင့် Aerosmith ၏ ဖျော်ဖြေပွဲများကိုဖျက်သိမ်း

အဖွဲ့ဝင်စတိဗ်တေလာ၏ ကျန်းမာရေးအခြေအနေကြောင့် Aerosmith ၏ ဖျော်ဖြေပွဲများကိုဖျက်သိမ်း

 

နာမည်ကျော် Aerosmith အဖွဲ့၏ ဦးဆောင်အဆိုတော်ဖြစ်သူ စတိဗ်တေလာ၏ ကျန်းမာရေးအခြေအနေ ကြောင့် တောင်အမေရိက၌ ကျင်းပရန်စီစဉ်ထားသော Aerosmith အဖွဲ့၏ ဖျော်ဖြေပွဲလေးခုကို ဖျက်သိမ်းလိုက် ရကြောင်း အင်္ဂါနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အဖွဲ့ဝင်ဖြစ်သူတေလာ၏ ကျန်းမာရေးအခြေအနေ အပြည့်အဝပြန်လည် ကောင်းမွန်လာဖို့ မျှော်လင့်ကြောင်း Aerosmith တီးဝိုင်းက ပြောကြားခဲ့သည်။

ထိုကဲ့သို့ မမျှော်လင့်သော အခြေအနေများကြောင့် ဘရာဇီးနိုင်ငံ ကာရီတီဘာမြို့၌ ဗုဒ္ဓဟူးနေ့တွင် ကျင်းပမည့် ရှိုးပွဲ၊ ချီလီနိုင်ငံ ဆန်တီယာဂိုမြို့၌ စနေနေ့တွင် ကျင်းပမည့်ရှိုးပွဲ၊ အာဂျင်တီးနားနိုင်ငံ ရိုဆာရီယိုမြို့၌ အောက်တို ဘာ ၃ ရက်နေ့တွင် ကျင်းပမည့်ရှိုးပွဲနှင့် မက္ကစီကိုနိုင်ငံ မွန်တာရေးမြို့၌ အောက်တိုဘာ ၇ ရက်နေ့တို့၌ ကျင်းပ မည့် ရှိုးပွဲများကို ဖျက်သိမ်းလိုက်ရကြောင်း သိရသည်။

“ကံမကောင်းစွာနဲ့ပဲ ဦးဆောင်အဆိုတော် စတိဗ်တေလာဟာ မမျှော်လင့်ပဲ ဆေးကုသမှုခံယူနေရပြီး သူ့ရဲ့ ဆရာဝန်များက သူ့ကိုအနားယူဖို့ အကြံပေးခဲ့တာကြောင့် ယခုအချိန်မှာ သူခရီးလည်းထွက်လို့မရ၊ ရှိုးပွဲလည်း သီဆိုလို့မရတော့ပါဘူး” ဟု Aerosmith အဖွဲ့၏ ထုတ်ပြန်ချက်ထဲ၌ ဖော်ပြထားသည်။

“အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေတော့မဟုတ်ပါဘူး။ ဒါပေမယ့် အနာဂတ်မှာကျင်းပသွားဖို့ရှိတဲ့ ကျနော့်ရဲ့ ရှိုးပွဲတွေအတွက် အခုအချိန်မှာ ကျနော်ဆေးကုသမှုခံယူပြီး အနားယူဖို့လိုအပ်ပါတယ်” ဟုလည်း တေလာက ပြောကြားခဲ့သည်။

ယခုလအစောပိုင်းတွင် Aerosmith အဖွဲ့သည် ဘရာဇီးနိုင်ငံ ရီယိုမြို့နှင့် ဆော်ပေါ်လိုမြို့များ၌ ဖျော်ဖြေပွဲများ ကျင်းပခဲ့ပြီးပြီဖြစ်သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required