ကလေးတွေကို မုန့်တွေ အခမဲ့ကျွေးမယ့် အဲအေးရှား

ကလေးတွေကို မုန့်တွေ အခမဲ့ကျွေးမယ့် အဲအေးရှား

စက်တင်ဘာ ၂၈၊၂၀၁၇ တွင်ပံျသန်းမည့် အဲအေးရှား ခရီးစဉ်တိုင်းတွင် လေယာဉ်ပေါ်မုန့်များကို ကလေးငယ်များ အခမဲ့ သုံးဆောင်နိုင်မှာပါ။ အဲအေးရှားမှ မိတ်ဆက်ပေးလိုက်သည့် လေယာဉ်ပေါ် အစားအစာ အသစ်စက်စက် မီနူးတစ်ခုဖြစ်သည့် (Lil’ Star Combo) က ကလေးငယ်များ ကြိုက်နှစ်သက်မည့် မီနူးတစ်ခုပါ။

ထိုမီနူးကို မိတ်ဆက်သည့်အနေဖြင့် စက်တင်ဘာ ၂၈၊၂၀၁၇ တွင် ပျံသန်းမည့် မည်သည့် အဲအေးရှားခရီးစဉ်မှာ မဆို လိုက်ပါ စီးနင်းလာသည့် အသက် ၂နှစ် မှ ၁၂နှစ် အတွင်း ကလေးငယ်များသည် “Lil’ Star Combo” ကို အခမဲ့ လက်ဆောင်အနေနှင့် ရရှိမှာပါ။ အခြားရက်များတွင် ကလေးငယ်များနှင့် ပျံသန်းကြသည့် ခရီးသည်များ အနေဖြင့်လည်း airasia.com တွင် ထိုကလေးများအတွက် သီးသန့်မီနူးဖြစ်သည့်  “Lil’ Star Combo” ကို မလေးရှား ၁၀ ရင်းဂစ်ဖြင့် ခရီးစဉ်မတိုင်မီ ကြိုတင် ဝယ်ယူနိုင်ပါသည်။

Combo meal မှာ ပြည့်ဝဂျုံဖြင့် ပြုလုပ်ထားတဲ့ ကြက်သား ပီဇာ အသေးနှင့် ခရမ်းချဉ်သီးဆော့စ် အပြင် Topping အနေဖြင့် အရသာရှိတဲ့ ကြက်သားတုံးလေးများ၊ ခရမ်အပြည့် Mozzarella နှင့် Cheddar ချိစ်တို့နဲ့ ထည့်ဖုတ်ထားတာပါ။ ကလေးတွေ အကြိုက်ဖြစ်မယ့် ကြက်သားပီဇာကို သောက်စရာ တစ်ခုခုနှင့် မုန့်ထုပ်လေး တစ်ခုနဲ့ပါ တွဲပေးထားတာပါ။ အဲအေးရှား အိန္ဒိယ လေယာဉ်ပေါ်များမှာဆိုလျှင် သက်သတ်လွတ် ပီဇာကို “Lil’ Star Combo” အနေနဲ့ ရရှိနိုင်ပါတယ်။

အဲအေးရှားအုပ်စု လုပ်ငန်းဈေးကွက်နှင့် အရောင်း အမှုဆောင်အရာရှိချုပ် Siegtraund Teh က ယခု မီနူးအသစ် မိတ်ဆက်ပေးမှုနှင့်ပတ်သက်ပြီး အခုလိုဖြေကြားပေးထားပါတယ်။

“ကျွန်တော်တို့ဒီ “Lil’ Star Combo” ကို ကျွန်တော်တို့ရဲ့ Santan မီနူးထဲ ထည့်နိုင်တာ ဝမ်းသာမိပါတယ်။ မိသားစုတွေနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ လေကြောင်းလိုင်းတစ်ခုအနေနဲ့ ကျွန်တော်တို့ လေယာဉ်ပေါ်မှာ လိုက်ပါစီးနင်းလာတဲ့ မည်သည့်အသက်အရွယ်ကိုမဆို အကောင်းဆုံး လေယာဉ်ပေါ်ဝန်ဆောင်မှု ပေးနိုင်ဖို့ ကျွန်တော်တို့ အမြဲကြိုးစားနေတာပါ။ အဲအေးရှား ခရီးစဉ်တွေမှာဆို တစ်နေ့ကို ကလေးငယ်ဧည့်သည် အယောက် ၆၀၀၀ ကျော် နေ့စဉ် ခရီးစဉ်ပေါင်း ၁၂၀ကျော်ကို ပံျသန်းနေတာပါ။ ဆိုတော့ ကျွန်တော်တို့ရဲ့ “Lil’ Star Combo” က ကလေးငယ်တွေရော မိဘ ခရီးသည်ဧည့်သည်များကို ပိုပြီးသာယာ အဆင်ပြေတဲ့ ခရီးစဉ်အတွေ့အကြုံကို ပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ခရီးသည်ဧည့်သည်များရဲ့ အကြံပြုချက်များကိုလည်း အမြဲအလေးထား မှတ်သားပါတယ်။ “Lil’ Star Combo” က ကျွန်တော်တို့ရဲ့ လေယာဉ်ပေါ် အစားအစာများရဲ့ စားဖိုမှူးက ခရီးသည်ဧည့်သည် အကြံပြုချက် များပေါ်မှာ မူတည်ပြီး ချက်ပြုတ် ထားတာပါ။ ဆက်လက်ပြီးတော့လည်း နောက်ထပ် အသစ်သစ်တွေ အသစ်အဆန်း တွေကို ရှာဖွေ အကောင်အထည်ဖော်ရင်း မိသားစု ခရီးသည်ဧည့်သည်များ အဲအေးရှားလေကြောင်းနှင့် ပိုမိုအဆင်ပြေစွာ ပျံသန်းနိုင်ရန် ကြိုးစားသွားမှာပါ။

ခရီးသည်ဧည့်သည်များအနေဖြင့် Santan meal မီနူးများကို ရွေးချယ်လို့ရတဲ့ မီနူးများနှင့် ပိုမိုသက်သာစေတဲ့ ကြိုတင် meal service များကို airasia.com မှတစ်ဆင့် Manage my Booking မှာ ခရီးစဉ်မတိုင်မီ ကြိုတင်ဝယ်ယူနိုင်ပါသည်။

အဲအေးရှား၏ နောက်ဆုံးသတင်းများ၊ ပရိုမိုးရှင်းများ အတွက် အဲအေးရှား တွစ်တာ (twitter.com/AirAsia) နှင့် အဲအေးရှား ဖေ့စ်ဘွခ် (facebook.com/AirAsia) မှာ လေ့လာနိုင်ပါသည်။

အဲအေးရှား အကြောင်း

အဲအေးရှားလေကြောင်းလိုင်းသည် အာရှအခြေစိုက်လေကြောင်းလိုင်းတစ်ခုပါ။ ခရီးစဉ်ပေါင်း ၁၂၀ကျော်အထိ ခရီးသည် ဧည့်သည်များကို ပျံသန်းပို့ဆောင် ပေးနေသော အကြီးမားဆုံး စရိတ်သက်သာ လေကြောင်းလိုင်းတစ်ခုလဲ ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်မှာ ခရီးစဉ်များ စတင်ပြေးဆွဲကာ ယခုချိန်မှာ ခရီးသည်ဧည့်သည် သန်း(၄၀၀)ကျော်ကို သယ်ယူပို့ဆောင်ပြီး ဖြစ်ပြီး လေယာဉ်(၂)စီးမှ လေယာဉ် အစီးရေ (၂၀၀)ကျော်အထိ တိုးချဲ့နိုင်ခဲ့တဲ့ လေကြောင်းလိုင်းလဲ ဖြစ်ပါတယ်။ အာစီယမ်(အရှေ့တောင်အာရှ နိုင်ငံများ ပူးပေါင်းမှု) လေကြောင်းလိုင်း စစ်စစ်တစ်ခု ဖြစ်ခွင့်ရလို့လည်း အမြဲ ဂုဏ်ယူလျက်ပါ။ လေကြောင်းလိုင်း ခရီးစဉ် လုပ်ငန်းဆောင်တာ Quarter များကို မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ အိန္ဒိယနှင့် ဂျပန်တို့မှာ ဖွင့်လှစ်ထားပြီး အာရှ၊ သြစတေးလျ၊ နယူးဇီလန်၊ အရှေ့အလယ်ပိုင်းနှင့် အမေရိက အထိတောင် ပံျသန်းပြေးဆွဲနေပါသည်။

၂၀၀၉ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ Skytrax World Airline Awards မှာ ကမ္ဘာ့အကောင်းဆုံး စရိတ်သက်သာ လေကြောင်းလိုင်းအဖြစ် (၉) ကြိမ်တိုင်တိုင် ဆက်တိုက် ဂုဏ်ပြုသက်မှတ်ခံခဲ့ရသည်။ လေယာဉ်အတွင်း အကောင်းဆုံး ဝန်ဆောင်မှုအဖြစ် ဂုဏ်ပြုခံရပြီး ဝန်ဆောင်မှုအပြည့် လေကြောင်းလိုင်းများကို သာလွန်ကာ (၄)နှစ်ဆက်တိုက် ကမ္ဘာ့ဦးဆောင်နေသာ စရိတ်သက်သာ လေကြောင်းလိုင်းအဖြစ်လည်း ၂၀၁၆ World Travel Awards မှာအသိအမှတ်ပြု ခံခဲ့ရသည်။

မီဒီယာများအားဖြေကြားပေးရန် အောက်ပါလိပ်စာကို ဆက်သွယ်နိုင်ပါသည်။

Shahinaz Mohd Tahir

Communications

မိုဘိုင်း: +6017 688 6348

[email protected]

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required