သူက စံပြ ပရော်ဖက်ရှင်နယ်ကစားသမားလို့ ဝေဖန်နေသူတွေကို တုံ့ပြန်လိုက်တဲ့ စီရော်နယ်ဒို

သူက စံပြ ပရော်ဖက်ရှင်နယ်ကစားသမားလို့ ဝေဖန်နေသူတွေကို တုံ့ပြန်လိုက်တဲ့ စီရော်နယ်ဒို

စက်တင်ဘာ ၂၇၊ စပိန် ။            ။ ရီးယဲလ်အသင်းက ဒေါ့တ်မွန်အသင်းကို အဝေးကွင်းမှာ သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ၂ ဂိုးသွင်းခဲ့ပြီးတဲ့နောက် စီရော်နယ်ဒိုဟာ သူ့အပေါ်ဝေဖန်နေသူတွေကို ပြန်လည်တုန့်ပြန်လိုက်ပါတယ်။

“ကျွန်တော်ဘာလုပ်နိုင်တယ်ဆိုတာကို ပွဲစဉ်တိုင်း သက်သေပြနေပါတယ်။ လူတွေရဲ့ ကျွန်တော့်အပေါ်ထင်မြင်ယူဆချက်တွေကို အံ့သြမိပါတယ်။ ကျွန်တော့်ရဲ့ ကိန်းဂဏန်းတွေက   ဝေဖန်နေသူတွေအတွက်  သက်သေပါပဲ။ ဝေဖန်မှုတွေက တကယ်ဆိုးပါတယ်။ ဒါပေမဲ့ ကျွန်တော်က စံပြ ပရော်ဖက်ရှင်နယ်ကစားသမားဖြစ်လို့ စိတ်ထဲမှာ ဘာမှ မရှိပါဘူး” လို့ စီရော်နယ်ဒိုက ဆိုခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ ချန်ပီယံလိဂ်မှာ နောက်ဆုံး ၂ နှစ်ဆက်တိုက် ဂိုးသွင်းအများဆုံးကစားသမားဆုကို ရရှိထားပြီး ပြိုင်ပွဲသမိုင်းမှာလည်း ဂိုးသွင်းဘုရင်အဖြစ် ၆ ကြိမ် ရပ်တည်နေသူဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပွဲပေါင်း ၁၄၃ ပွဲကစားခဲ့ရာမှာ ၁၁၁ ဂိုးအထိသွင်းယူထားပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်။

ရည်ညွှန်း ယူအီးအက်ဖ်အေ

ချန်ပီယံလိဂ် အုပ်စုဒုတိယပွဲစဉ် ရလဒ်များ

--------------------------------------------

ဆီဗီလာ ၃-၀ မာရီဘော

စပါးတပ်မော်စကို ၁-၁ လီဗာပူးလ်

နာပိုလီ ၃-၁ ဖီယင်နု

မန်စီးတီး ၂-၀ ရှက်တာဒိုးနက်

ဘီဆစ်တပ်စ် ၂-၀ လိုက်ဇစ်

မိုနာကို ဝ-၃ ပေါ်တို

ဒေါ့တ်မွန် ၁-၃ ရီးယဲလ်

အေပိုးလ် ဝ-၃ စပါး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required