ကာဗာနီ၊ နေမာတို့ ပင်နယ်တီပြစ်ဒဏ်ဘောကို တာဝန်ယူ ခွဲဝေကန်သွင်းရန် ပီအက်စ်ဂျီနည်းပြ ပြော

ကာဗာနီ၊ နေမာတို့ ပင်နယ်တီပြစ်ဒဏ်ဘောကို တာဝန်ယူ ခွဲဝေကန်သွင်းရန် ပီအက်စ်ဂျီနည်းပြ ပြော
(ဓာတ်ပုံ - အီးပီအေ)

ပီအက်စ်ဂျီနည်းပြ အူနိုင်းအမ်မရီက လတ်တလော အငြင်းပွားဖွယ်ဖြစ်နေတဲ့ အသင်းအတွက် ပင်နယ်တီကို ဘယ်သူကန်သင့်တယ်ဆိုတာ ရှောင်ရှားနိုင်စေဖို့ ဘိုင်ယန်မြူးနစ်နှင့် ချန်ပီယံလိဂ်ပွဲစဉ်အတွက် ပြုလုပ်တဲ့ သတင်းစာရှင်လင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ လိုင်ယွန်အသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ပြင်သစ်လိဂ်အဖွင့်ပွဲစဉ် ၆ ပွဲဆက်တိုက် အနိုင်ရခဲ့ပေမယ့် ၎င်းပွဲစဉ်မှာ နေမာနှင့်ကာဗာနီတို့မှာ ပင်နယ်တီနှင့်ပြစ်ဒဏ်ဘော ကန်သွင်းရန် အငြင်းပွားခဲ့တာဖြစ်ပါတယ်။

"ကျနော်တို့မှာ ပင်နယ်တီအလုံးတွေကို ကန်သွင်းမယ့် ကန်သွင်းလိုတဲ့ ကစားသမားတွေ အများကြီးရှိနေပြီး သူတို့ဟာ ဒီအတွက် အဆင်သင့်ဖြစ်နေပါတယ်။ ကျနော့်ရဲ့ စိတ်ထဲမှာ အချက်အလက်တွေအရ ကာဗာနီနှင့် နေမာတို့ဟာ ဒါကို တာဝန်ယူ ခွဲဝေဖို့ ကျနော် လိုလားပါတယ်။"လို့ အမ်မရီးက ဆိုပါတယ်။

"ကျနော်တို့ဟာ ပင်နယ်တီ အမြောက်အများ ရရှိဖို့ ကြိုးစားသွားမှာပါ။ ဒါမှ နှစ်ဦးစလုံး ကန်သွင်းခွင့် ရရှိသွားမှာပါ။"လို့ အမ်မရီက ဆက်ပြောပါတယ်။

အမ်မရီက ကစားသမားနှစ်ဦးလုံးနှင့် စကားပြောဆိုခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

"ကွင်းအတွင်းမှာ ဘယ်လိုအရာတွေ ဖြစ်လိုတယ်ဆိုတာ ကျနော် သူတို့ကို ပြောခဲ့ပြီး ပင်နယ်တီပြစ်ဒဏ်ဘောတွေနဲ့ ပတ်သတ်တဲ့ အကြောင်းတွေလဲ ပြောဆိုခဲ့ပါတယ်။"

နေမာကို ပင်နယ်တီပေးကန်ပါက အပိုဆုကြေးငွေ ယူရို ၁ သန်းပေးမယ်လို့ ဥရုဂွေးတိုက်စစ်မှူး ကာဗာနီကို ပီအက်စ်ဂျီအသင်းပိုင်ရှင်အယ်ခီလာဖီက ကမ်းလှမ်းလိုက်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့သေးပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required