ကြီးမားသည့် စိန်ခေါ်မှုများရှိနေဟု ရုပ်ရှင်အစည်း အရုံး ဥက္ကဌအသစ် ဇင်ဝိုင်းပြော

ကြီးမားသည့် စိန်ခေါ်မှုများရှိနေဟု ရုပ်ရှင်အစည်း အရုံး ဥက္ကဌအသစ် ဇင်ဝိုင်းပြော

ရန်ကုန် စက်တင်ဘာ ၂၆ ။             ။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌသစ် အဖြစ် တကျော့ပြန်အရွေးချယ်ခံရသည့် သရုပ်ဆောင်ဇင်ဝိုင်းက ပထမအကြိမ် ဥက္ကဋ္ဌ သက်တမ်းက အတွေ့အကြုံများသည် အားသာ ချက်ဖြစ်ပြီး ယခုတစ်ကြိမ်တွင် ကြီးမား သောတာဝန်များက စိန်ခေါ်မှုဖြစ်သည်ဟု ပြောသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အစည်းအဝေး ခန်းမတွင် ယနေ့ စက်တင်ဘာလ ၂၆ ရက်နေ့ ၊ နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် ဗဟိုအလုပ်အမှု ဆောင် ကော်မတီဝင်များအစည်းအဝေးအပြီး ဥက္ကဌအဖြစ် ရွေးချယ်ခံခဲ့ရပြီးနောက် ပြောကြား ခဲ့ခြင်းဖြစ်သည်။

"ကာလအပိုင်းအခြားတစ်ခု ကွာခြားသွားပါပြီ၊ ကျွန်တော့်အနေနဲ့အသက်ပိုကြီးလာပါတယ်၊ ကျွန်တော်နည်းနည်းလေး ပိုပြီးတော့ ဆင်ခြင် တုံတရားရှိလာပါပြီ၊ ပထမလုပ်ခဲ့စဉ်ကာလက အတွေ့အကြုံတွေလည်း ရရှိထားပါတယ်၊ ဒီတစ်ခုက ကျွန်တော့်ရဲ့အားသာချက်ပါ၊ နောက် တစ်ခုက စိန်ခေါ်မှုကတော့ တစ်မျိုးစီပါ။ ပထမအကြိမ်တုန်းကတော့ ကျွန်တော် တို့က ထိုးဖောက်ထွက်လာရတဲ့အတွက် အတိုက် အခိုက်တွေရော၊ နောက်ကြောင်းပြန်ချင်သူ တွေရော ကျွန်တော်တို့ အမှုဆောင်အဖွဲ့ွဲ့တွေရော၊ နာယကကြီးတွေရော ရုပ်ရှင်လောက သားတွေရော နေ့စဉ်နဲ့အမျှ အားလုံးမျိုးစုံခံစား ခဲ့ရတယ်။ အခုအချိန်ကတော့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက သက်တမ်းလေးလည်း ရှိလာတော့ တည်ငြိမ်မှုရှိလာပြီ။ ဒီသက်တမ်း အတွင်းမှာတော့ ဘာစိန်ခေါ်မှုရှိလဲဆိုတော့ အခု သက်ကြီးပူဇော်ပွဲက ကပ်နေပြီ။ အကယ် ဒမီကလည်း ပြင်ဆင်ရတော့မယ်။ အခြေအနေ ပေါ်မူတည်ပြီး အမှုဆောင်သစ်က အရေးကြီး ရင်ကြီးသလို အစည်းအဝေးခေါ်ပြီး ဆောင်ရွက် သွားမယ်။ဒါ့အပြင် ဒီအမှုဆောင်သစ်သက်တမ်း အတွင်းမှာ သမိုင်းမှာ တစ်ခါပဲကြုံရတဲ့ ရုပ်ရှင် နှစ် ၁၀၀ ပြည့်ပွဲတော်ကြီးလည်း လုပ်ဖို့ရှိတယ်။ ဒီတော့ အမှုဆောင်အသစ်အတွက် တာဝန်တွေ က ကြီးတာက စိန်ခေါ်မှုပါပါပဲ" ဟု ဇင်ဝိုင်းက ပြောသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်များ အစည်း အဝေးအပြီးတွင် ဥက္ကဌအဖြစ် သရုပ်ဆောင် ဇင်ဝိုင်း၊ ဒုဥက္ကဌ ( ၁)အဖြစ် ဦးအေးကြူလေး၊ ဒုဥက္ကဌ ( ၂)အဖြစ် ဦး ဇော်မင်း ( မင်္ဂ လာ)၊ အတွင်းရေးမှူး(၁)အဖြစ် ဒါရိုက်တာ ညီညီထွန်းလွင် ၊ အတွင်းရေးမှူး ( ၂) အဖြစ်ဦးဇော်မင်း( ဟံသာမြေ)တို့ကို ရွေးချယ်ခဲ့သည်။

ဇင်ဝိုင်း သည် ၂၀၁၂ က ဥက္ကဌအဖြစ် ရွေးချယ်ခံခဲ့ရသော်လည်း ကျန်းမာရေး အခြေအနေအရ အနားယူခဲ့ပြီး၊ လူမင်းက ဥက္ကဋ္ဌတာဝန် ယူခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly