IT ဇာတ်ကား၏ နောက်ဆက်တွဲရုပ်ရှင် ပြသမည့်ရက်ကိုကြေညာ

IT ဇာတ်ကား၏ နောက်ဆက်တွဲရုပ်ရှင် ပြသမည့်ရက်ကိုကြေညာ

 

ယခုလက်ရှိတွင်ပြသနေသော လူကြိုက်များလှသည့် သည်းထိတ်ရင်ဖိုဇာတ်ကား IT ၏ နောက်ဆက်တွဲ ရုပ်ရှင် ကို လာမည့် ၂ နှစ်အတွင်း ရုံတင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

Warners Bros နှင့် New Line ရုပ်ရှင်ကုမ္ပဏီတို့က ၎င်းတို့သည် IT ဇာတ်ကား၏ နောက်ဆက်တွဲရုပ်ရှင်ကို လာမည့် ၂၀၁၉ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် ပြသသွားနိုင်ရန် စီစဉ်ထားကြောင်း ကြေညာခဲ့ကြသည်။

ထိုကြေညာချက်ကို ရုပ်ရှင်စတူဒီယိုက တင်္နလာနေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခုလအစောပိုင်းကလည်း ဂါရီ ဒေါ်ဘာမင်သည် ဇာတ်ညွှန်းအတွက် ပြင်ဆင်နေကြောင်း ကြေညာခဲ့သည်။

IT ဇာတ်ကား၏ ဒါရိုက်တာဖြစ်သူ အန်ဒီမက်စ်ချက်တီကပဲ နောက်ဆက်တွဲဇာတ်ကားကို ဦးဆောင်ရိုက်ကူး သွားမည်ဟု မျှော်မှန်းထားကြသည်။

IT ရုပ်ရှင်သည် စတက်ဖန်ကင်း၏ ၁၉၈၆ ခုနှစ်က ထွက်ရှိခဲ့သော နာမည်ကျော်ဝတ္ထုကို ဇာတ်အိမ်တည်ကာ ရိုက်ကူးထားခြင်းဖြစ်ပြီး မြို့လေးတစ်မြို့ကို ရောက်ရှိနေသော မိစ္ဆာကောင်ကြီးအား လူငယ်လေးတစ်စုက ရင်ဆိုင်ကြပုံကို ကြည့်ရှုရမည်ဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် ထွက်ရှိလာမည့် နောက်ဆက်တွဲဇာတ်ကားတွင် အရွယ်ရောက်လာသော ယင်းကလေးတစ်စုက မိစ္တာကြီးအား ရင်ဆိုင်ကြပုံကို ဇာတ်အိမ်တည်ထားမည်ဖြစ် သည်။

IT ရုပ်ရှင်ဇာတ်ကားကို ဘတ်ဂျက်ဒေါ်လာ ၃၅ သန်းဖြင့် ရိုက်ကူးခဲ့ပြီး အမေရိကန်ပြည်တွင်း ရုံဝင်ငွေ ဒေါ်လာ ၂၆၆.၁ သန်းနှင့် ကမ္ဘာတစ်ဝန်းမှ ရုံဝင်ငွေဒေါ်လာ ၄၇၈.၁သန်းခန့် ရရှိခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required