ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌသစ် ဇင်ဝိုင်းအတွက် ခန့်စည်သူက ဂုဏ်ပြုစကားပြော

ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌသစ် ဇင်ဝိုင်းအတွက် ခန့်စည်သူက ဂုဏ်ပြုစကားပြော

စက်တင်ဘာ ၂၆ ။              ။ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌသစ်အဖြစ်  ဇင်ဝိုင်းက ထပ်မံရွေးချယ်ခံလိုက်ပြီးနောက် ခန့်စည်သူက လူမှုကွန်ယက်မှတဆင့် ဂုဏ်ပြုစကားပြောခဲ့သည်။

ယနေ့ စက်တင်ဘာလ ၂၆ရက်တွင် အလွှာ ၁၀ လွှာမှ အပြီးသတ်ရွေးချယ်မှုအပြီးတွင် သိရပြီး ဥက္ကဋ္ဌသစ်အဖြစ် ဒုတိယအကြိမ်မြောက် အရွေးခံရခြင်းဖြစ်သည်။

“Big Congratulations U Zin Wyne (Chairman of M.M.P.O)၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းအား ဂုဏ်ယူလေးစားစွာ ကြိုဆိုအပ်ပါသည်” ဟု ခန့်စည်သူက လူမှုကွန်ရက်မှတဆင့် ပြောထား သည်။

ယမန်နေ့က  ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌသစ်အဖြစ် ခန့်စည်သူက ထောက်ခံမဲ ၂ မဲအသာဖြင့် ရေပန်းစားနေသော်လည်း အပြီးသတ်ရွေးချယ်မှုအပြီးတွင် ဇင်ဝိုင်းက ထပ်မံရရှိခဲ့ခြင်း ဖြစ်သည်။

ဇင်ဝိုင်းက ၂၀၁၂မှ ၂၀၁၃ အထိ  တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ကျန်းမာရေးအခြေအနေအရ အနားယူခဲ့ကာ ၂၀၁၃ မှ ၂၀၁၇ အထိ လူမင်းက ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။

ရုပ်ရှင်အစည်းအရုံးရွေးကောက်ပွဲကို ယခုလ စက်တင်ဘာလ ၂၃ ရက်နှင့် ၂၄ ရက်နေ့များ တွင် ကျင်းပခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်က မဲပေးရမည့်ရက်များတွင် နယ်ရိုက်ကွင်းများကို ရောက်ရှိနေသည့် အနုပညာလောကသားများ အတွက် ယခုနှစ်တွင် ကြိုတင်မဲပေးနိုင်ရန် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ပြီး အနုပညာ လောကသားများကအလွှာအလိုက် မဲပေး ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required