ရုပ်ရှင်အစည်းအရုံးဥက္ကဌအသစ်အဖြစ် ဇင်ဝိုင်း တဖန်ပြန်လည် ရွေးချယ်ခံရ

ရုပ်ရှင်အစည်းအရုံးဥက္ကဌအသစ်အဖြစ် ဇင်ဝိုင်း တဖန်ပြန်လည် ရွေးချယ်ခံရ

ရန်ကုန် စက်တင်ဘာ ၂၆ ။                 ။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အစည်းအဝေး ခန်းမတွင် ယနေ့ စက်တင်ဘာလ ၂၆ ရက်နေ့ ၊ နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် ဗဟိုအလုပ်အမှု ဆောင် ကော်မတီဝင်များအစည်းအဝေးအပြီး၊ ဥက္ကဌအဖြစ် သရုပ်ဆောင် ဇင်ဝိုင်းကို ရွေးချယ် ခဲ့သည်။

မီဒီယာအချို့နှင့် လူမှုကွန်ယက်စာမျက်နှာ ပေါ်များတွင် ဥက္ကဋ္ဌအဖြစ် သရုပ်ဆောင် အကယ်ဒမီ ခန့်စည်သူရွေးချယ်ခံရဟု သတင်း ထွက်ပေါ်ခဲ့သော်လည်း ၂၀၁၂- ၂၀၁၃ ဥက္ကဋ္ဌဟောင်းဖြစ်သူ သရုပ်ဆောင်ဇင်ဝိုင်းက ဥက္ကဋ္ဌ အဖြစ်ရွေးချယ်ခံခဲ့ရသည်။ ဇင်ဝိုင်း သည် ၂၀၁၂တွင် ကျန်းမာရေးအခြေအနေအရ အနားယူခဲ့ပြီး၊ လူမင်းက ဥက္ကဋ္ဌတာဝန် လွှဲပြောင်း ယူခဲ့ရသည်။

ရုပ်ရှင်အစည်းအရုံးရွေးကောက်ပွဲကို ယခုလ စက်တင်ဘာလ ၂၃ ရက်နှင့် ၂၄ ရက်နေ့များ တွင် ကျင်းပခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်က မဲပေးရမည့်ရက်များတွင် နယ်ရိုက်ကွင်းများကို ရောက်ရှိနေသည့် အနုပညာလောကသားများ အတွက် ယခုနှစ်တွင် ကြိုတင်မဲပေးနိုင်ရန် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ပြီး အနုပညာ လောကသားများကအလွှာအလိုက် မဲပေး ခဲ့ကြသည်။

အနုပညာလောကသားများ၏ အလွှာအလိုက် မဲပေးမှုအရ သရုပ်ဆောင်အခြေခံအလွှာ အတွက် ဇင်ဝိုင်းနှင့် ခန့်စည်သူ၊ ဒါရိုက်တာ အခြေခံအလွှာအတွက် ညီညီထွန်းလွင်နှင့် ဇော်မြင့်ဦး၊ ဇာတ်ပို့ ဇာတ်ရံအခြေခံအလွှာ အတွက် ဦးအောင်ခိုင်နှင့် ဦးဝင်းမြိုင်၊ ဗီဒီယို အခြေခံအလွှာတွင် မျက်ခြယ်ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေးပိုင်ရှင် ဦးဝင်းနိုင်၊ သရုပ်ဆောင် နေထူးနိုင်၊ ဇာတ်လမ်း၊ ဇာတ်ညွှန်းအခြေခံအလွှာတွင် ဦးအေးကြူလေး နှင့် ဦးတင်ထွန်းအောင်၊ တည်းဖြတ်အခြေခံ အလွှာတွင် ဦးဇော်မင်း ( ဟံသာမြေ )နှင့် ဦးတင်ငြိမ်း၊ အုပ်ချုပ်ဖြန့်ချိအခြေခံ အလွှာတွင် ဦးဇော်မင်း ( မင်္ဂလာ)နှင့် ဦးလှသိန်း၊ စက်မှု အခြေခံ အလွှာတွင် ဦးကျော်ညွန့်နှင့် ဦးသား ကျော်၊ ပြဇာတ်နှင့် နောက်ခံတေးဂီတအခြေခံ အလွှာတွင် ဦးခင်မောင်ချင်းနှင့် ဦးသက်ဦး၊ ထုတ်လုပ်သူအခြေခံအလွှာတွင် ဦးသိန်းရွှေနှင့် ဒေါ်ကေခိုင်စိုးတို့ ရွေးချယ်ခံခဲ့ရသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်များ အစည်း အဝေးအပြီးတွင် ဥက္ကဌအဖြစ် သရုပ်ဆောင် ဇင်ဝိုင်း၊ ဒုဥက္ကဌ ( ၁)အဖြစ် ဦးအေးကြူလေး၊.ဒုဥက္ကဌ ( ၂)အဖြစ် ဦး ဇော်မင်း ( မင်္ဂ လာ)၊ အတွင်းရေးမှူး(၁)အဖြစ် ဒါရိုက်တာ ညီညီထွန်းလွင် ၊ အတွင်းရေးမှူး ( ၂) အဖြစ်ဦးဇော်မင်း.( ဟံသာမြေ)တို့ကို ရွေးချယ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly