ရီးယဲလ်အသင်းရဲ့ ယုံကြည်မှုဟာ ပျောက်ဆုံးမနေပါဘူး - နည်းပြ ဇီဒန်း

ရီးယဲလ်အသင်းရဲ့ ယုံကြည်မှုဟာ ပျောက်ဆုံးမနေပါဘူး - နည်းပြ ဇီဒန်း
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ်အသင်း နည်းပြ ဇီဒန်းက ၎င်းရဲ့ အသင်းဟာ သွင်းဂိုးတွေ နည်းပါးနေပေမယ့် အသင်းရဲ့ ယုံကြည်မှုကို ထိခိုက်စေမှာမဟုတ်ကြောင်း တနင်္လာနေ့က ပြောဆိုလိုက်ပါတယ်။

ရီးယဲလ်အသင်းဟာ အလာဗတ်စ်နှင့်ပွဲမှာ ဂိုးသွင်းခွင့် အများအပြား ဖြုန်းတီးခဲ့ပြီးနောက် ၂-၁ ဂိုးဖြင့် အနိုင်ရရှိပြီး ၁၁ မှတ် ရရှိထားပေမယ့် အသင်းဟာ ဇယားကို ဦးဆောင်နေတဲ့ ပြိုင်ဘက် ဘာစီလိုနာရဲ့နောက် ၇ မှတ်အကွာ အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။

"ကျနော်တို့တွေ ယုံကြည်မှု ပျောက်ဆုံးမနေပါဘူး။ ကျနော်တို့ ဘာလုပ်နေတာဆိုတာကို ယုံကြည်မှုရှိပါတယ်။ အပြင်လူတွေဖို့ သံသယရှိနေမယ်ဆိုတာ အမှန်ပါ။ ဒါပေမယ့် ကျနော်တု့ိအတွက်တော့ မဟုတ်ပါဘူး။"လို့ နည်းပြ ဇီဒန်းက ဒေါ့မွန်နှင့် ချန်ပီယံလိဂ်ပွဲစဉ်အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

"ဒီနှစ်မှာ ပွဲစဉ်တိုင်းဟာ ပိုပြီး ခက်ခဲလိမ့်မယ်လို့ ကျနော်တို့ သိထားပါတယ်။ ဒါပေမယ့် ဒီနှစ်မှာ ကျနော်တို့ လုပ်ဆောင်သွားဖို့ ရှိတဲ့ စွမ်းဆောင်ရည်တွေနဲ့ပတ်သက်လို့ စိုးရိမ်မှု မရှိပါဘူး။"လို့ နည်းပြက ပြောပါတယ်။

ရီးယဲလ်အသင်း ကစားသမားတွေဟာ ဒေါ့မွန်နှင့် ၇ ကြိမ် ရင်ဆိုင်ပြီးနောက်မှာ Signal Iduna Park ကွင်းမှာ ပထမဆုံးအကြိမ်အဖြစ် နိုင်ပွဲရရှိဖို့ မျှော်လင့်နေပါတယ်။

"ကွင်းတိုင်းမှာ ကစားဖို့ ခက်ခဲပါတယ်။ ဒီနေရာကတော့ ဒါဟာ အမှန်ပါ။ ကျနော်တို့ အနိုင် မရှိသေးတာကြောင့် ဒါဟာ ကျနော်တို့အတွက် စိန်ခေါ်မှု တစ်ခုဖြစ်ပါတယ်။"လို့ ဇီဒန်းက ပြောဆိုပြီး အသင်းဟာ ပွဲစဉ်တိုင်း အနိုင်ရဖို့ ကြိုးစားပြီး ကစားရမယ်လို့ ထည့်သွင်း ပြောကြားခဲပါတယ်။

"ရီးယဲလ်ဟာ ပြီးခဲ့တဲ့ နှစ်နှစ်မှာ အလွန်ကောင်းမွန်စွာ ကစားခဲ့တယ်။ ဒါပေမယ့် အခုဟာ ရာသီအသစ်ဖြစ်ပြီး ကျနော်တို့ဟာလည်း ယုံကြည်မှုရှိပါတယ်။ အချက်အလက်တွေက ကျနော်တို့ကို ကူညီလိမ့်မည် မဟုတ်ပေမယ့် ကျနော်တို့ဟာ အိမ်ကွင်းမှာ အင်အားကြီးမားတယ်လို့ သိထားပါတယ်။"လို့ ဇီဒန်းက ပြောပါတယ်။

Ref; EFE_EPA, ESPN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required